Connect with us

Economy

ငွေကြေးဖလှယ်ခြင်းဆိုင်ရာ သဘောတူညီမှု တရုတ်နှင့် တာဂျစ်ကစ္စတန်နိုင်ငံတို့ လက်မှတ်ရေးထိုး

တရုတ်နိုင်ငံသုံး ယွမ်ငွေ (ဆင်ဟွာ)

ဒူရှန်ဘဲ၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံဗဟိုဘဏ် နှင့် တာဂျစ်ကစ္စတန်နိုင်ငံ ဗဟိုဘဏ်တို့သည် တန်ဖိုးငွေပမာဏ ယွမ် ၃.၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၀၀ မီလီယံ) ရှိသော ငွေကြေးဖလှယ်ခြင်းဆိုင်ရာ သဘောတူညီမှုအား လက်မှတ်ရေး ထိုးခဲ့ကြောင်း တာဂျစ်ကစ္စတန်နိုင်ငံ ဗဟိုဘဏ်တာဝန်ရှိသူက သောကြာနေ့တွင် ပြောသည်။

ထိုသဘောတူညီမှုအား တာဂျစ်ကစ္စတန်နိုင်ငံ ဗဟိုဘဏ် ဥက္ကဋ္ဌ ဂျမ်ရှတ် နာမန်မတ်ဇိုဒါနှင့် တရုတ်နိုင်ငံ ဗဟိုဘဏ် ဥက္ကဋ္ဌ ကျိုးရှောင်ချွမ်း တို့ တာဂျစ်ကစ္စတန်နိုင်ငံတွင် ကြာသပတေးနေ့က အစည်းအဝေး ပြုလုပ်ခဲ့စဉ် လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ် သည်။

ယင်းသဘောတူညီမှုသည် သုံးနှစ်သက်တမ်းအတွက်ဖြစ်ပြီး နှစ်ဘက်လုံးမှ ထပ်မံသက်တမ်းတိုးနိုင်ကြောင်း တာဂျစ်ကစ္စတန်နိုင်ငံ ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါသဘောတူညီမှုသည် နိုင်ငံတကာ ငွေပေးချေမှုများ၊ နိုင်ငံအတွင်း ငွေလဲလှယ်နှုန်းထားများ၊ စွမ်းအင် တိုးမြှင့်ရေး၊ လယ်ယာ သတ္တု ကဏ္ဍများ နှင့် တာဂျစ် ကစ္စတန်နိုင်ငံရှိ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးမှုအတွက် ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ထားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

၂၀၀၈ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးအကျပ်အတည်း ဖြစ်ပွားစဉ်ကတည်းက တရုတ်နိုင်ငံသည် နိုင်ငံတကာတွင် ယွမ်ငွေသုံးစွဲမှု တိုးတက်လာစေရန် အတွက် နိုင်ငံနှင့် ဒေသပေါင်း ၂၀ ကျော်နှင့် ငွေကြေး ဖလှယ်ခြင်းဆိုင်ရာ သဘောတူညီမှုများအား လက်မှတ်ရေးထိုးထားခဲ့ခြင်း ဖြစ်သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117