Connect with us

Economy

တရုတ်က အဲဘတ်စ် ကုမ္ပဏီမှ လေယာဉ် အစီး ၁၃၀ ဝယ်ယူမည်

တရုတ်နိုင်ငံ လေကြောင်းလိုင်းတစ်ခုမှ အဲဘတ်စ်လေယာဉ် တစ်စီးအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

China Aviaiton Supplies Holding Company (CAS) သည် ဥရောပ လေယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီ ဖြစ်သော အဲဘတ်စ်မှ လေယာဉ် အစီး ၁၃၀ ဝယ်ယူရန် အဲဘတ်စ် ကုမ္ပဏီနှင့် အောက်တိုဘာလ ၂၉ ရက်က သဘောတူညီချက် စာချုပ် ချုပ်ဆို နိုင်ခဲ့ကြောင်း သိရသည်။

ယူမည့် လေယာဉ် စာရင်းတွင် ကိုယ်ထည်ကျယ်သော A330 အမျိုးအစား လေယာဉ် အစီး ၃၀ နှင့် အလယ် လျှောက်လမ်း တစ်လမ်းပါ A320 အမျိုးအစား လေယာဉ် အစီး 100 တို့ပါဝင်ကြောင်း သိရသည်။

အဲဘတ်စ် ကုမ္ပဏီက တရုတ်သည် ကမ္ဘာပေါ်တွင် လေယာဉ်စီး ခရီးသည် ဦးရေ တိုးပွားမှုကို ဦးဆောင် နေကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် တရုတ်ပြည်တွင်း လေကြောင်းသည် နောင် လာမည့် ၁၀ နှစ်အတွင်း ကမ္ဘာ့အခြား နိုင်ငံများ အားလုံးထက် သာလွန်သွားမည် ဖြစ်ကြောင်း ကုမ္ပဏီက ခန့်မှန်း ပြောဆိုခဲ့သည်။

နောင် အနှစ် ၂၀ အတွင်း တရုတ်နိုင်ငံသည် A330 ကဲ့သို့သော ကိုယ်ထည်ကျယ် လေယာဉ် အစီး ၁,၇၀၀ ခန့် အပါအဝင် အခြားခရီးသည် တင် လေယာဉ် နှင့် ကုန်တင်လေယာဉ် စုစုပေါင်း ၅,၄၀၀ ကျော် လိုအပ်မည် ဖြစ်ကြောင်း အဲဘတ်စ် မှ ပြောကြားခဲ့သည်။

A330 အမျိုးအစား လေယာဉ်သည် ခရီးသည် ထိုင်ခုံ ပေါင်း ၂၅၀ မှ ၄၄၀ အထိ ပါဝင်ပြီး ကမ္ဘာပေါ်တွင် ထိရောက်မှုအရှိဆုံး အသုံးချနိုင်သည့် လေယာဉ်များ ထဲတွင် တစ်ခုအပါအဝင် ဖြစ်ကာ ယင်းအမျုးိအစားထဲ တွင် ပြင်ဆင် လည်ပတ်စရိတ် ကုန်ကျမှုအနည်းဆုံးသော လေယာဉ်ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117