Connect with us

Economy

၂၀၁၈ ခုနှစ်တွင် တရုတ်-အာဆီယံ ကုန်သွယ်မှု စံချိန်မြင့်တက်

တရုတ်နိုင်ငံက ကုန်သေတ္တာတင်ဆိပ်ကမ်းတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

နန်နင်း၊ မတ် ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ကုန်သွယ်မှု စုစုပေါင်းတန်ဖိုးမှာ ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅၈၇.၈၇ ဘီလီယံအထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ယခင်နှစ်ကထက် ၁၄.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း စီးပွားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက မတ်လ ၁၃ ရက်တွင် ပြောကြားလိုက်သည်။

၂၀၁၈ ခုနှစ်တွင် တရုတ်-အာဆီယံ ကုန်သွယ်မှုအား နည်းလမ်းနှစ်သွယ် ရင်းနှီးမြှုပ်နှံမှုများဖြင့် အမေရိကန်ဒေါ်လာ ၂၀၅.၇၁ ဘီလီယံပမာဏရှိသော ခိုင်မာသည့် အရှိန်အဟုန်တစ်ခုအဖြစ် ထိန်းသိမ်းထားခဲ့ကြောင်း စီးပွားရေးဝန်ကြီးဌာန အာရှရေးရာဦးစီးဌာန ဒုတိယဌာနမှူး ယန်ဝေချွင်က ပြောကြားခဲ့သည်။

၂၀၀၄ ခုနှစ်ကစ၍ အပြန်အလှန် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းမှာ ၂၂ ဆတိုးလာခဲ့ကြောင်း ၁၆ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲအတွက် အဆင့်မြင့်အရာရှိများ တွေ့ဆုံပွဲသို့ တက်ရောက်စဉ် ယန်က ပြောကြားခဲ့သည်။ ၁၆ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲအား တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် နန်နင်းတွင် စက်တင်ဘာလ ၂၀ ရက်မှ ၂၃ ရက်အထိ ကျင်းပရန် လျာထားကြောင်း သိရသည်။

ယခုနှစ် ကုန်စည်ပြပွဲ၏ ဆောင်ပုဒ်မှာ “ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်ခြင်းဖြင့် ကံကြမ္မာအကျိုးတူ အသိုက်အဝန်းတစ်ခုအတွက် ကျွန်ုပ်တို့၏ မျှော်မှန်းချက်အား နားလည်သဘောပေါက်ခြင်း” ဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် ထိုအခွင့်အရေးအား အသုံးချကာ အာဆီယံနိုင်ငံများနှင့် ဆက်သွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရန် မျှော်လင့်ကြောင်း ယန်က ပြောကြားခဲ့သည်။

ကွမ်ကျိုးမြို့ရှိ အင်ဒိုနီးရှားနိုင်ငံ ကောင်စစ်ဝန်ရုံးမှ ကောင်စစ်ဝန် ဂတ်စ်တန်တို (Gustanto) က ထို ကုန်စည်ပြပွဲက အင်ဒိုနီးရှားနှင့် တရုတ် နှစ်နိုင်ငံကုန်သွယ်ရန် အပြုသဘောဆောင်သည့် ကူညီထောက်ပံ့မှုများ ဖြစ်စေကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ပြပွဲသည် ၂၀၀၄ ခုနှစ်ကစ၍ တရုတ်နိုင်ငံနှင့် အာဆီယံအကြား ကုန်သွယ်ရေးနှင့် ဆက်ဆံရေးများ မြှင့်တင်ရန် အရေးပါသည့် ပလက်ဖောင်းတစ်ခုဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.