Connect with us

Economy

၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့ ၏ ဂျီဒီပီသည် ၆ဒသမ၁ – ၆ ဒသမ၂ ရာခိုင်နှုန်းအထိတိုးတက်ခဲ့ 

5G အင်တာနက်အသုံးပြုမှုနှင့် ပတ်သက်၍ သရုပ်ဖော်ပြသစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့ ၏ အသားတင်ထုတ်ကုန်တန်ဖိုး (GDP) တိုးတက်မှုနှုန်းသည်  ၆ ဒသမ ၁ ရာခိုင်နှုန်းမှ ၆ဒသမ၂ ခန့်ထိရှိခဲ့ကြောင်း ကနဦး စာရင်းဇယားဖော်ပြချက်အရ သိရသည်။

၁၅ကြိမ်မြောက်ပေကျင်းမြူနီစီပယ်ပြည်သူ့ကွန်ဂရက် ၏ ဇန်နဝါရီ ၁၂ ရက်တွင် ကျင်းပသည့် တတိယအကြိမ် အစည်းအဝေးတွင် အစိုးရအလုပ်အစီရင်ခံစာ ၌ အဆိုပါကိန်းကဏန်းများအား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ပြီးခဲ့သည့် နှစ်တွင် အထွေထွေ ပြည်သူ့ဘတ်ဂျက်အခွန်သည် ၀ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး စားသုံးသူဈေးနှုန်းမှာ ၂ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ၎င်းအအစီရင်ခံစာတွင် ပါရှိသည်။

မြို့ပြအလုပ်လက်မဲ့ နှုန်းသည် ၂၀၁၉ ခုနှစ်တွင် ၄ ဒသမ ၄ ရာခိုင်နှုန်းအတွင်း ရှိခဲ့ပြီး နေထိုင်သူတစ်ဦးချင်း ၏ အမှန်တကယ်ရရှိသော ဝင်ငွေသည် ၆ ဒသမ ၃ ရာခိုင်နှုန်းခန့် တိုးတက်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖြည့်စွက်ပါရှိသည်။၎င်းအစီရင်ခံစာအရ ၂၀၂၀ ခုနှစ်တွင် အထွေထွ ပြည်သူ့ဘတ်ဂျက် အခွန်သည် ၂၀၁၉ နှင့် တန်းတူဖြစ်ပြီး ပေကျင်းမြို့ ၏ ဂျီဒီပီကို  ၆ ရာခိုင်နှုန်း အထိ တိုးတက်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။စားသုံးသူဈေးနှုန်းညွှန်းကိန်း (CPI) သည် ပျမ်းမျှ ၃ ဒသမ ၅ ရာခိုင်နှုန်းအတွင်း တိုးတက်နိုင်ပြီး မြို့ပြစစ်တမ်းကောက်ယူထားသည့် အလုပ်လက်မဲ့ နှုန်းမှာ ၅ရာခိုင်နှုန်းအောက်သာ ရှိနိုင်ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.