Connect with us

Environment, Disasters & Accidents

တရုတ် နိုင်ငံ ကွမ်ရှီး ပြည်နယ် လျိုချိန် ခရိုင် အနီးတဝိုက် အတွင်း ဗုံးပေါက်ကွဲမှု များ ဆက်တိုက် ဖြစ်ပွား ခဲ့၍ ၃ ဦးသေဆုံးကာ ၁၃ ဦး ဒဏ်ရာရရှိခဲ့

တရုတ် နိုင်ငံ ကွမ်ရှီး ပြည်နယ် လျိုချိန် ခရိုင် အတွင်း မှ ဗုံးပေါက်ကွဲမှု ဖြစ်ပွား ခဲ့သည့် နေရာ တစ်နေရာ အား မြင်တွေ့ ရစဉ်(ဆင်ဟွာ)

နန်နင်း ၊ စက်တင်ဘာ ၃၀ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ ကွမ်ရှီး ပြည်နယ် လျိုကျုံး မြို့ အစိုးရ ပြန်ကြားရေး ဌာန မှ စက်တင်ဘာ ၃၀ ရက်နေ့ က ထုတ်ပြန် ခဲ့သည့် ထုတ်ပြန်ချက်တွင် ဒေသ စံတော်ချိန် နေ့လယ် ၃ နာရီ ၅၀ မိနစ် ခန့် မှ စတင်၍ ဗုံးပေါက်ကွဲမှု များ ဆက်တိုက် ဖြစ်ပွား ခဲ့ပြီး လက်ရှိချိန် တွင် ၃ ဦး သေဆုံးကာ ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ် ပြန် ခဲ့သည်။

ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်သူ တစ်ဦး မှ ဗုံးပေါက်ကွဲမှု ဖြစ်ပွား ခဲ့သော နေရာ တစ်ခု ဖြစ်သည့် လျိုချိန် ခရိုင် တာဖူကျိန် တွင် လူနေ တိုက်ခန်း တစ်ခု မှာ ဗုံးပေါက်ကွဲမှု ကြောင့် တိုက် တစ်ဝက် ခန့် ပျိုကျ ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့သား များမှ အခင်းဖြစ်ပွားရာ နေရာ တွင် ကယ်ဆယ်ရေး လုပ်ငန်း များ ဆောင်ရွက် နေကြောင်း ဆင်ဟွာ သတင်းဌာန သို့ ပြောကြား ခဲ့ပြီး ဗုံးပေါက်ကွဲမှု ကြောင့် အချို့ကား များမှာ ကားလမ်း တစ်ဘက် သို့ လွင့်စင် သွား ခဲ့ကြောင်း သိရှိရသည်။

လျိုချိန် ခရိုင် သည် လျိုကျုံး မြို့ အတွင်းရှိ ခရိုင် တစ်ခု ဖြစ်ပြီး လျိုကျုံး မြို့ နှင့် ကီလိုမီတာ ၄၀ ခန့်အကွာအဝေး တွင် တည်ရှိသည်။ အခင်းဖြစ်ပွား ပြီးနောက် လျိုကျုံးမြို့ လျိုချိန် ခရိုင်မှ သက်ဆိုင်ရာ အဖွဲ့အစည်း များသည် အရေးပေါ် ဆောင်ရွက်မှု များချမှတ်ကာ အခင်းဖြစ်ပွားရာ နေရာတွင် ကယ်ဆယ်ရေး လုပ်ငန်း များ ဆောင်ရွက်ခဲ့သည်။

ကနဦး စုံစမ်းမှု များအရ ဗုံးပေါက်ကွဲ မှု သည် အမြန်ချောပို့ ပါဆယ် ထုတ်များ ဖွင့်ကြည့်ရာမှ ပေါက်ကွဲ ခဲ့ခြင်း ဖြစ်နိုင်ကြောင်း သိရှိ ခဲ့ရပြီး အစိုးရ ဌာန မှ ပြည်သူ လူထု များအား ရောက်ရှိ လာသော ပါဆယ် ထုတ် များအား ဖွင့် မကြည့်ကြသေး ရန် ထုတ်ပြန် ခဲ့သည်။(Xinhua)