Connect with us

Environment, Disasters & Accidents

ပေကျင်းသည် ဆောင်းရာသီ အတွင်း ကျောက်မီးသွေး တန်ချိန် ၁.၅ သန်း လျော့ချ အသုံးပြုသွားမည်

တရုတ်နိုင်ငံရှိ ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံတစ်ခုအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာလ ၆ ရက် (ဆင်ဟွာ)

ပေကျင်းသည် ၎င်း၏ ကျောက်မီးသွေး သုံးစွဲမှုကို ယခု ဆောင်းရာသီ အတွင်း တန်ချိန် ၁.၄၇ သန်းအထိ သုံးစွဲမှု လျှော့ချသွားမည် ဖြစ်ကြောင်း၊ ကျောက်မီးသွေးသုံး ဘွိုင်လာများ နေရာတွင် ဓါတ်ငွေ့အသုံးပြု ဘွိုင်လာများအား အစားထိုး အသုံးပြုသွားမည် ဖြစ်ကြောင်း ပတ်ဝန်းကျင် စည်ပင်သာယာရေး စောင့်ကြည့် အဖွဲ့က နိုဝင်ဘာလ ၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

မြို့တော်သည် စက်မှုလုပ်ငန်းနှင့် အပူပေး ဘွိုင်လာများ ကျောက်မီးသွေးမှ ဓါတ်ငွေ့သို့ ပြောင်းလဲ အသုံးပြုရေးကို ရည်မှန်းချက်ထက် သာလွန်အောင် ယခုနှစ်အတွင်း လုပ်ဆောင်နိုင်ခဲ့ကြောင်း ပေကျင်း စည်ပင်သာယာရေးနှင့် ပတ်ဝန်းကျင် ကာကွယ်ရေး ဗျူရိုမှ ပြောကြားခဲ့သည်။

ကျောက်မီးသွေး သုံးစွဲမှု လျှော့ချခြင်းကြောင့် လေထု ညစ်ညမ်းမှုကို အဓိကဖြစ်စေသည့် ဆာလဖာဒိုင် အောက်ဆိုဒ်နှင့် နိုက်ထရိုဂျင် အောက်ဆိုဒ် လောင်ကျွမ်းမှုများအား နိုဝင်ဘာလလယ်မှ မတ်လလယ် အထိ တန်ချိန် ၁၂,၅၀၀ နှင့် ၄,၃၀၀ တန် အသီးသီး လျှော့ချပေး သွားနိုင်မည်ဟု သိရသည်။

ဗျူရိုက လက်ရှိတွင် မြို့တော်အတွက် စွမ်းအင် ၈၀ ရာခိုင်နှုန်း ကို ရုပ်ကြွင်း လောင်စာ မဟုတ်သည့် အခြားလောင်စာများမှ ရရှိနေခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြို့တော်၏ လေထု အရည်အသွေး မြှင့်တင်ရေး အားထုတ်မှု တစ်ရပ်အနေဖြင့် ကျောက်မီးသွေးမှ ဓါတ်ငွေ့သို့ ပြောင်းလဲရေး ဆောင်ရွက်မှုအား မြို့လယ်ခေါင်တွင် ရာခိုင်နှုန်းပြည့် နီးပါး ပြီးစီးနေပြီး ၂၀၂၀ ပြည့်နှစ် တွင် မြို့တော် တစ်ခုလုံးတွင် ပြီးစီးအောင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

မြို့တော်သည် ကျောက်မီးသွေး တန်ချိန် သုံးစွဲမှုအား တန်ချိန် ၄ သန်း လျှော့ချသွားရန် စီစဉ်ထားပြီး နှစ်စဉ် ကျောက်မီးသွေး သုံးစွဲမှုအား ယခုနှစ်တွင် တန်ချိန် ၁၅ သန်း သတ်မှတ်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)