Connect with us

Politics, Law & Military

ကမ္ဘာ့တိုက်ကြီး ၅ ခုမှ နိုင်ငံပေါင်း ၁၀ ကျော်သည် တပ်ဖွဲ့များ စေလွတ်၍ တရုတ် နိုင်ငံ စစ်ရေးပြ အခမ်းအနားတွင် ပါဝင်ကြမည် ဖြစ်ကြောင်း ထုတ်ပြန်

တရုတ် နိုင်ငံတော် ကောင်စီ ပြန်ကြားရေးဌာနမှ ပေကျင်းမြို့၌ စစ်ရေးပြ အခမ်းအနားနှင့် ပတ်သက်၍ သြဂုတ်လ ၂၁ ရက်နေ့ တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)

စက်တင်ဘာလ ၃ ရက်နေ့တွင် တရုတ် နိုင်ငံ ပေကျင်းမြို့ ၌ ကျင်းပမည့် တရုတ် နိုင်ငံ ဂျပန် တော်လှန်ရေး စစ်ပွဲနှင့် ကမ္ဘာ့ ဖက်ဆစ် တော်လှန်ရေး စစ်ပွဲ အောင်မြင်ခြင်း နှစ် ၇၀ ပြည့် စစ်ရေးပြ အခမ်းအနား တစ်ရပ် ကျင်းပမည် ဖြစ်ပြီး ကမ္ဘာ့ တိုက်ကြီး ၅ ခုမှ နိုင်ငံ ပေါင်း ၁၀ ကျော်မှ တပ်ဖွဲ့များ စေလွတ်၍ စစ်ရေးပြ အခမ်းအနားတွင် ပါဝင်ကြမည် ဖြစ်ကြောင်း သိရှိခဲ့ရသည်။

သြဂုတ်လ ၂၁ ရက်နေ့ တွင် နိုင်ငံတော် ကောင်စီ ပြန်ကြားရေးဌာနမှ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ခဲ့ပြီး စစ်ရေးပြ ဦးစီး ညွှန်ကြားရေး အဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူး ၊ အထွေထွေ စစ်ရေးပြ တပ်ဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူး ချွင်းလွေ့ ၊ စစ်ရေးပြ ပူးပေါင်း ညွှန်ကြားရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ၊ ပေကျင်း စစ်ဒေသ ဒုတိယ ဗိုလ်ချုပ်ကြီး ဝမ်ရှမ် တို့မှ စစ်ရေးပြ အခမ်းအနားနှင့် ပတ်သက်သော အချက်အလက် များအား ထုတ်ပြန် ပြောကြား ခဲ့သည်။

ယခု ပြုလုပ်မည့် စစ်ရေးပြ အခမ်းအနားတွင် စစ်သည် ၁၂,၀၀၀ ပါဝင်မည် ဖြစ်ပြီး စစ်လက်နက် အမျိုးအစား ၄၀ ကျော်ဖြင့် စစ်လက်နက်ပေါင်း ၅၀၀ ကျော် ပါဝင်မည် ဖြစ်ပြီး လေယာဉ် အမျိုးအစား ၂၀ ကျော်ဖြင့် လေယာဉ် ပေါင်း အစင်း ၂၀၀ ကျော် ပါဝင်မည် ဖြစ်သည်။တော်လှန်ရေး စစ်ပွဲအောင်မြင်ခြင်း စစ်ရေးပြ အခမ်းအနားတွင် စစ်ရေးပြ တပ်ဖွဲ့ ၅၀ စီစဉ်ထားပြီး ခြေလျင် တပ်ဖွဲ့ ၁၁ ဖွဲ့၊ ဂျပန်တော်လှန်ရေး စစ်မှုထမ်းဟောင်း များမှ ကားဖြင့် စီးနင်း၍ တပ်ဖွဲ့ ၂ ဖွဲ့ ၊ စစ်လက်နက် တပ်ဖွဲ့ ၂၇ ဖွဲ့ နှင့် လေကြောင်း တပ်ဖွဲ့ ၁၀ ဖွဲ့ ပါဝင် မည်ဖြစ်သည်။

ယခု ပြုလုပ်မည့် စစ်ရေးပြ အခမ်းအနားတွင် တွေ့ရှိရမည့် စစ်လက်နက် များသည် အများစုမှာ တရုတ် နိုင်ငံ ပြည်တွင်းမှ ထုတ်လုပ်သည့် စစ်လက်နက်များ ဖြစ်ကြပြီး ၎င်းတို့ အတွင်းမှ ၈၄ ရာခိုင်နှုန်းသည် ပထမ အကြိမ် ထုတ်ဖေါ် ပြသမည့် စစ်လက်နက်များ ဖြစ်ကြောင်း စစ်ရေးပြ ဦးစီး ညွှန်ကြားရေး အဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူး ၊ အထွေထွေ စစ်ရေးပြ တပ်ဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူး ချွင်းလွေ့ မှ ပြောကြားခဲ့သည်။

လက်ရှိ အချိန်ထိ ရုရှား ၊ ကာဇက်စတန် စသည့် နိုင်ငံ ပေါင်း ၁၀ ကျော်မှ စစ်ရေးပြ အခမ်းအနားတွင် တပ်ဖွဲ့များ စေလွှတ်၍ စစ်ရေးပြ တပ်ဖွဲ့တွင် ပါဝင်မည် ဖြစ်ကြောင်း သိရှိထားရပြီး ၎င်းတပ်ဖွဲ့များသည် အာရှတိုက် ၊ ဥရောပတိုက် ၊ အာဖရိကတိုက် ၊ အိုးရှင်းနီးယား နှင့် အမေရိကတိုက် တို့ မှ ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117