Connect with us

Politics, Law & Military

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး နှင့် စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံ ဆွေးနွေး

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး Vivian Balakrishnan တို့ ဖေဖော်ဝါရီ ၁၉ ရက် ၌ တွေ့ဆုံစဉ်(ဆင်ဟွာ)

ဗီယင်ကျန်း ၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး Vivian Balakrishnan တို့ သည် ဖေဖော်ဝါရီ ၁၉ ရက် ညပိုင်း က လာအို နိုင်ငံ ဗီယင်ကျန်း မြို့ ၌ တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့သည်။

ထို့သို့ တွေ့ဆုံစဉ် ဝမ်ရိ က ဖေဖော်ဝါရီ ၂၀ ရက် တွင် ကျင်းပ ပြုလုပ်မည့် တရုတ်-အာဆီယံ ကပ်ရောဂါ တိုက်ဖျက်ရေး ဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီးများ အထူး အစည်းအဝေး တွင် အတူတကွ ကပ်ရောဂါ တိုက်ဖျက်မှု ဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးသွားပြီး အများပြည်သူ ကျန်းမာရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကိုလည်း တွန်းအားပေး ဆောင်ရွက်သွားကာ ဒေသတွင်း နိုင်ငံများ ၏ အလားတူ အများပြည်သူကျန်းမားရေး ဆိုင်ရာ စိန်ခေါ်မှုများ ၌ ဖြေရှင်းမှု စွမ်းရည်ကို မြှင့်တင်သွားလိုကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ကပ်ရောဂါ တိုက်ဖျက်ရေး တွင် တိုးတက်မှုများ ရရှိခဲ့ပြီး ထိရောက်သည့် အကျိုးရလဒ်များ လည်း ရရှိခဲ့ကြောင်း ၊ စင်ကာပူ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ လိုအပ်ချိန်တွင် ကူညီမှု လက်ကမ်း ခဲ့ခြင်း နှင့် စင်ကာပူ နိုင်ငံ ဝန်ကြီးချုပ် က အများပြည်သူရှေ့တွင် တရုတ် နိုင်ငံ က ကပ်ရောဂါ အား အောင်မြင်စွာ တိုက်ဖျက်နိုင်မည့် အပေါ် ခိုင်မြဲစွာ ယုံကြည်ကြောင်း ပြောကြားမှု သည် တရုတ်-စင်ကာပူ နှစ်နိုင်ငံ ၏ အခက်အခဲ ကြုံတွေ့ချိန် တွင် အပြန်အလှန် ထောက်ခံသော ၊ ကူညီသော ကောင်းမွန်သည့် အစဉ်အလာ ကို ပေါ်လွင်စေခဲ့ကြောင်း ၊ တရုတ်-စင်ကာပူ နှစ်နိုင်ငံ ချစ်ကြည်ရေး က ယခု ဖြစ်ပွားသည့် ကပ်ရောဂါ မှ တစ်ဆင့် ပိုမို နက်ရှိုင်းစေမည် ဖြစ်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု သည်လည်း ကပ်ရောဂါ ပြီးဆုံးချိန် တွင် ပိုမို ချဲ့ထွင် နိုင်မည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ကပ်ရောဂါ အခြေအနေ ထိန်းချုပ်လျှော့ချ နိုင်သည့် အလျှောက် စင်ကာပူ နိုင်ငံ က တက်ကြွသည့် ဆောင်ရွက်မှုများ ပြုလုပ်၍ နှစ်နိုင်ငံ ပြည်သူလူထု များ အသွားအလာ အား ပုံမှန် အခြေအနေ သို့ ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်မည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ဝမ်ရိ က တရုတ် နိုင်ငံ အနေဖြင့် ကပ်ရောဂါ တိုက်ဖျက်မှု ကြောင့် ဖြစ်ပွား ခဲ့သည့် ယာယီ သက်ရောက်မှုများ အား ဖြေရှင်းနိုင်မည် ကို ယုံကြည်ပြီး ဘက်စုံ သာယာဝပြောသည့် လူ့အဖွဲ့အစည်း အား တည်ဆောက်ခြင်း နှင့် ဆင်းရဲနွမ်းပါးမှု ပပျောက်သည့် ရည်မှန်းချက် အား ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ယခု နှစ် သည် တရုတ်-စင်ကာပူ သံတမန် ဆက်ဆံရေး ထူထောင် သည့် နှစ် ၃၀ ပြည့် အခါသမယ ဖြစ်ပြီး တရုတ် နိုင်ငံ အနေဖြင့် နှစ်နိုင်ငံ အဆင့်မြင့် အရာရှိ ကူးလူး ဆက်ဆံမှု အား ထိန်းသိမ်း သွားလိုကြောင်း ၊ ရပ်ဝန်း နှင့် ပိုးလမ်းမ ဖော်ဆောင်မှု နှင့် အာဆီယံ အပြန်အလှန် ချိတ်ဆက်မှု အစီအစဉ် တိုးတက်အောင် ချိတ်ဆက်ခြင်း နှင့် သတ်မှတ်ချိန် အတွင်း ဒေသတွင်း ဘက်စုံ စီးပွားရေး မိတ်ဖက်ဆက်ဆံရေး သဘောတူညီမှု လက်မှတ်ရေးထိုးရေး တို့ တွင် စင်ကာပူ နိုင်ငံ က တက်ကြွသည့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး Vivian က တရုတ် နိုင်ငံ အနေဖြင့် လွန်စွာ တာဝန်ယူသည့် သဘောထား နှင့် လွန်စွာရှားပါးသည့် လုပ်ဆောင်မှုများ ဖြင့် ယခု ဖြစ်ပွားနေသော ကပ်ရောဂါ အား ကိုင်တွယ်ဖြေရှင်းခဲ့ကြောင်း ၊ အချိန်နှင့် တပြေးညီ နိုင်ငံတကာ အသိုင်းအဝိုင်း သို့ သတင်း အချက်အလက်များ ကို မျှဝေ ခဲ့ပြီး စင်ကာပူ အပါအဝင် နိုင်ငံ အသီးသီး အား ကပ်ရောဂါ ဖြေရှင်းရန် အတွက် တန်ဖိုးကြီးမား သော အကူအညီများ ပေးအပ်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ လုပ်ဆောင်ခဲ့သည့် ကြိုးပမ်းအားထုတ်မှု နှင့် အနစ်နာခံမှု တို့ သည် လွန်စွာခက်ခဲသဖြင့် စင်ကာပူ နိုင်ငံ အနေဖြင့် လွန်စွာ ချီးမွမ်းအသိအမှတ်ပြုပြီး တရုတ် နိုင်ငံ အား ဆက်လက်၍ ခိုင်မြဲစွာ ထောက်ခံအားပေး သွားမည် ဖြစ်ကြောင်း ၊ စင်ကာပူ နိုင်ငံ က တရုတ် နိုင်ငံ ၏ မိတ်ဆွေကောင်း နိုင်ငံ တစ်နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု ကို တိုးချဲ့ဆောင်ရွက်သွားလိုပြီး အတက်နိုင်ဆုံး ကပ်ရောဂါ ကြောင့် ဖြစ်ပွား သည့် သက်ရောက်မှုများအား လျှော့ချကာ ပုံမှန်ဆက်ဆံသွားလာမှု ကို အမြန်ဆုံး ဖော်ဆောင်သွားလိုကြောင်း ၊ စင်ကာပူ နိုင်ငံ အနေဖြင့် ဒေသတွင်း ဘက်စုံ စီးပွားရေး မိတ်ဖက်ဆက်ဆံရေး သဘောတူညီမှု လက်မှတ်ရေးထိုးရေး ကို တွန်းအားပေး ဆောင်ရွက်ပြီး ရပ်ဝန်း နှင့် ပိုးလမ်းမ အတူတကွ တည်ဆောက်ရေး အား တက်ကြွစွာ  ပူပေါင်းပါဝင်သွားလိုကြောင်း ပြောကြား ခဲ့သည်။  (Xinhua)