Connect with us

Politics, Law & Military

၂၀၂၀ ပြည့်နှစ် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာအားကစားပွဲတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ပါဝင်ပြသ

ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပသော ၂၀၂၀ ပြည့်နှစ် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာအားကစားပွဲနှင့် Army-2020 နိုင်ငံတကာ စစ်ဘက်ဆိုင်ရာနည်းပညာဖိုရမ် ဖွင့်ပွဲအခမ်းအနား ပြုလုပ်ရာအားကစားရုံသို့ တရုတ်နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့များ ဝင်ရောက်လာစဉ် (ဆင်ဟွာ

မော်စကို၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) သည် ၂၀၂၀ ပြည့်နှစ် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာအားကစားပွဲတွင် ပါဝင်ပြသရန် အဖွဲ့ခြောက်ဖွဲ့မှ တပ်ဖွဲ့ဝင် ၂၆၀ ကျော် စေလွှတ်ခဲ့ကြောင်း သိရသည်။ 

နိုင်ငံတကာ စစ်ဘက်ဆိုင်ရာအားကစားပွဲကို ရုရှားနိုင်ငံက လွန်ခဲ့သော ၇ နှစ်အကြာက စတင်ကျင်းပခဲ့ခြင်း ဖြစ်သည်။  ယခုနှစ်ပြပွဲကို ရုရှားနိုင်ငံ၌ ကျင်းပခြင်း ဖြစ်ပြီး ဘဲလာရုစ်၊ အာမေးနီးယား၊ အဇာဘိုင်ဂျန်နှင့် ဥဇဘက်ကစ္စတန် အပါအဝင် နိုင်ငံများစွာ၌လည်း ဩဂုတ် ၂၃ ရက်မှ စက်တင်ဘာ ၅ ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။

ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပသော ၂၀၂၀ ပြည့်နှစ် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာအားကစားပွဲနှင့် Army-2020 နိုင်ငံတကာ စစ်ဘက်ဆိုင်ရာနည်းပညာဖိုရမ် ဖွင့်ပွဲအခမ်းအနား၌ တင်ဆက်ပြသမှုတစ်ခုအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပသော ၂၀၂၀ ပြည့်နှစ် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာအားကစားပွဲနှင့် Army-2020 နိုင်ငံတကာ စစ်ဘက်ဆိုင်ရာနည်းပညာဖိုရမ် ဖွင့်ပွဲအခမ်းအနား၌ “Patriot” ပန်းခြံအပေါ် ရုရှား တိုက်ခိုက်ရေးလေယာဉ်များ ပျံသန်းနေစဉ် (ဆင်ဟွာ)

ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပသော ၂၀၂၀ ပြည့်နှစ် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာအားကစားပွဲနှင့် Army-2020 နိုင်ငံတကာ စစ်ဘက်ဆိုင်ရာနည်းပညာဖိုရမ် ဖွင့်ပွဲအခမ်းအနား၌ တရုတ်နိုင်ငံ တပ်မတော်သားများကို တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ အားကစားပွဲ၌ တရုတ်နိုင်ငံမှ ပြိုင်ပွဲဝင်များသည် တင့်ကားချီတက်ခြင်းနှင့် ကင်းထောက်ယှဉ်ပြိုင်ခြင်း အပါအဝင် ပြိုင်ပွဲ ၆ ခုတွင် ပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။ ယခုနှစ်ပြိုင်ပွဲ၌ နိုင်ငံနှင့် ဒေသပေါင်း ၃၀ ကျော်မှ ပြိုင်ပွဲဝင် ၅,၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ကြောင်း သိရသည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117