Connect with us

Politics, Law & Military

တရုတ်နိုင်ငံက အွန်လိုင်းကောလာဟလများ နှင့် ပတ်သက်၍ အများပြည်သူအား သတိပေးနိုင်မည့် လမ်းကြောင်းသစ်များ ဖွင့်လှစ် 

တရုတ်နိုင်ငံ ပေကျင်းမြို့၌ အွန်လိုင်းကောလာဟလများ ပတ်သက်၍ အများပြည်သူအား သတိပေးရန် နိုင်ငံတော်အဆင့် ပလက်ဖောင်းတစ်ခု စတင်ခြင်း အခမ်းအနား ဩဂုတ် ၂၉ ရက်က ကျင်းပနေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဩဂုတ် ၃၀ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံက အွန်လိုင်းကောလာဟာလ တိုက်ဖျက်ရေးအတွက် အများပြည်သူအား သတိပေးနိုင်မည့် မိုဘိုင်းလ်အက်ပလီကေးရှင်းများ နှင့် အသေးစား-ထုတ်လွှင့်မှု အစီအစဉ်များကို ဩဂုတ် ၂၉ ရက်တွင် စတင်မိတ်ဆက်ခဲ့ကြောင်း သိရသည်။ 

မိုဘိုင်းလ်အက်ပလီကေးရှင်း(mobile app)များကို ဩဂုတ် ၂၉ ရက်မှစ၍ အဓိက app store များတွင် ရယူအသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။အွန်လိုင်းကောလာဟလများကို အတည်ပြုရေး အများပြည်သူအတွက် လမ်းကြောင်းသစ်များ ဖွင့်လှစ်ရန် ကြိုးပမ်းမှု အနေဖြင့် အသေးစား- ထုတ်လွှင့်မှု အစီအစဉ်(mini-programs)များအဖြစ် WeChat ၊ Alipay နှင့် Baidu စသည့် ပလက်ဖောင်းမျိုးစုံ ပေါ်တွင် တစ်ပြိုင်နက်တည်း စတင်ခဲ့ကြောင်း ဗဟိုဆိုက်ဘာအာကာသ ရေးရာ ကော်မရှင်ရုံးထံမှ သိရသည်။ 

ဗဟိုဆိုက်ဘာအာကာသ ရေးရာ ကော်မရှင်ရုံး၏ လက်အောက်တွင် အင်တာနက် တရားမဝင်သတင်းအချက်အလက်များဆိုင်ရာ အစီရင်ခံခြင်း စင်တာက ဦးဆောင်လုပ်ကိုင်ခဲ့ပြီး xinhuanet.com က စီမံခန့်ခွဲမှုအပိုင်းကို ဆောင်ရွက်ခဲ့ကြောင်း ၊ အဆိုပါ ပလက်ဖောင်းသည် ၂၀၁၈ ခုနှစ် ဩဂုတ်တွင် စတင်ချိန်ကတည်းက သံသယဖြစ်ဖွယ် ကောလာဟလ သတင်းပေးပို့မှုပေါင်း ၃၀,၀၀၀ ကျော်ကို လက်ခံရရှိခဲ့ကြောင်း နှင့် ကောလာဟလများကို ခြေဖျက်သည့် ဆောင်းပါးပေါင်း ၉,၀၀၀ ကျော်ကို ထုတ်ဝေ ဖြန့်ချိခဲ့ပြီးဖြစ်ကြောင်း သိရသည်။  (Xinhua)