Connect with us

Politics, Law & Military

တရုတ်အဆင့်မြင့်သံတမန် မြန်မာ ၊ စပိန် နှင့် ဂရိ နိုင်ငံများသို့ သွားရောက်မည်

တရုတ် ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် CPC ဗဟိုကော်မတီ ပြည်ပရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူး ယန်ကျဲ့ချီအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဩဂုတ် ၃၁ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံ အစိုးရ အဆင့်မြင့်အရာရှိကြီးတစ်ဦး ဖြစ်သူ ယန်ကျဲ့ချီ(Yang Jiechi) သည် စက်တင်ဘာ ၁ ရက်မှ ၄ ရက်အထိ မြန်မာ ၊ စပိန် နှင့် ဂရိ နိုင်ငံများသို့ သွားရောက်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယနေ့ ဩဂုတ် ၃၁ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။ 

တရုတ် ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် CPC ဗဟိုကော်မတီ ပြည်ပရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူး ယန်ကျဲ့ချီသည် မြန်မာ ၊ စပိန် နှင့် ဂရိ နိုင်ငံများမှ သက်ဆိုင်ရာ အစိုးရ၏ ဖိတ်ကြားချက်အရ ယင်းနိုင်ငံများသို့ တရားဝင် အလည်အပတ်ခရီးစဉ် သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်း(Zhao Lijian) က ပေကျင်းမြို့၌ ပြောကြားခဲ့သည်။ (Xinhua)