Connect with us

Politics, Law & Military

အမေရိကန်ပိတ်ဆို့မှုများက ကမ္ဘာ့ ရယ်စရာအကောင်းဆုံးဟာသဟု ဟောင်ကောင်ရှိ တရုတ်ဗဟိုအစိုးရ  ဆက်ဆံရေးရုံးပြောကြား

တရုတ်နိုင်ငံဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ ဗစ်တိုးရီးယားဆိပ်ကမ်းအား ဇူလိုင် ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

 

 ဟောင်ကောင် ၊ ဩဂုတ် ၁၀ ရက်(ဆင်ဟွာ)

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) ရှိ တရုတ်ပြည်သူ့ဗဟိုအစိုးရ ဆက်ဆံရေးရုံးက တရုတ်နိုင်ငံ အစိုးရအရာရှိအချို့အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုဟူ၍ အမည့်တပ်ထားသည့် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများသည် ကမ္ဘာပေါ်တွင် အမှန်တကယ် ရယ်စရာအကောင်းဆုံး ဟာသ ပျက်လုံးဖြစ်လာကြောင်း ဩဂုတ် ၉ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ၏ ဗိုလ်ကျစိုးမိုးရေးအပြုအမူများသည် ဟောင်ကောင်တွင် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခံနေရပြီး ကျယ်ကျယ်ပြန့်ပြန့်နစ်မြုပ်နေပြီဖြစ်ကြောင်း နှင့် ယင်းမှာ ကြောင်းကျိုးဆီလျှော်မှုမရှိခြင်း နှင့် အနိုင်ကျင့်ခြင်းသာဖြစ်သည်ကို အများပြည်သူတို့၏ အမြင်တွင် ဖော်ပြနေကြောင်း ဆက်ဆံရေးရုံးပြောရေးဆိုခွင့်ရှိသူ တစ်ဦး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံပြည်သူများအနေဖြင့် ကြောက်ရွံ့နေမည်မဟုတ်သလို ယင်းပိတ်ဆို့မှုများသည် အလကားသက်သက် သာဖြစ်ကြောင်း ၊ သို့သော် ဟာသ တစ်ခုဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ ဗစ်တိုးရီးယားဆိပ်ကမ်းအား ဇွန် ၁၂ ရက်  ညပိုင်းက တွေ့ရစဉ်(ဆင်ဟွာ)

ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် အခြေခံဥပဒေများအရ ဟောင်ကောင်တွင် (HKSAR) အစိုးရအဖွဲ့က ခိုင်မာစွာ စီမံအုပ်ချုပ်နေကြောင်း နှင့် ဟောင်ကောင်ရေးရာများအတွက် ဗဟိုအစိုးရဌာနများ၏ ရုံးများတွင် တာဝန်ရှိကြောင်း နှင့် ၎င်းတို့က ဟောင်ကောင်၏ အကျိုးစီးပွားများအားလုံး နှင့် ဟောင်ကောင်ဒေသခံများ၏ ကောင်းမွန်စွာ ရှင်သန်နေထိုင်နိုင်ရေးအတွက် ခိုင်ခိုင်မာမာ ကာကွယ်စောင့်ရှောက်နေကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ဟောင်ကောင်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် နှင့် ဒီမိုကရေစီ ရှိသန်မှုအပေါ် တရုတ်နိုင်ငံက အခြေခံကျကျ အားလျော့အောင် လုပ်ဆောင်နေကြောင်း မကြာသေးမီက အမေရိကန်နိုင်ငံ၏ ပြောဆိုချက်သည် အမှန်တရားကို ပုံဖျက်ခြင်း နှင့်  ကြောင်းကျိုးဆီလျော်မှု မရှိခြင်းသာ ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

အမေရိကန်နိုင်ငံဘက်က  ဟောင်ကောင်၏ အတိုက်အခံအုပ်စုနှင့် ရပ်တည်ခြင်း ၊ “တစ်နိုင်ငံ ၊ စနစ်နှစ်မျိုး” အပေါ် စိန်ခေါ်ခဲ့ခြင်း နှင့် ဟောင်ကောင်တွင် ကာလရှည် မတည်မငြိမ်မှု ဖြစ်ပေါ်စေရန် ဟောင်ကောင်၏ အမျိုးသားလုံခြုံရေး မျဉ်းနီကို ဖြတ်ကျော်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ ယင်းမှာ ဟောင်ကောင်၏ ဒီမိုကရေစီ ၊ လွတ်လပ်မှု နှင့် အမြင့်ဆုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့် အမိန့်ဒီဂရီကို အမှန်တကယ် ဖျက်ဆီးနေသူသာ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ရှေ့ဆက်တိုးတက်ဖွံ့ဖြိုးမှုများကို ရပ်တံ့ပစ်ရန် နှင့် တရုတ်နိုင်ငံအတွက် ဒုက္ခရောက်စေရန် ဟောင်ကောင်ကို အသုံးပြု၍ ဖန်တီးလုပ်ဆောင်နေသော အမေရိကန်နိုင်ငံရေးသမားများသည် နောက်ဆုံးတွင် ကျရှုံးရမည်သာဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဖြည့်စွက်ပြောကြားခဲ့ပြီး ထိုသို့သော အလိမ်အညာ နိုင်ငံခြားအင်အားစုများသည် အမှန်တကယ် အဖိုးအခ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အမေရိကန်နိုင်ငံအနေဖြင့် ဒီမိုကရေစီရေး ၊ လွတ်လပ်ခွင့် နှင့် လူ့အခွင့်အရေး နှင့် ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့် အား လေးစားတန်ဖိုထားကြောင်း ၎င်း၏ ရပ်တည်ချက်အပေါ် အမြဲလိုလို ထုတ်ဖော်ပြောဆိုခဲ့သော်လည်း ၎င်းတို့သည် မကြာသေးမီက “ အမေရိကန်ပြည်သူများ၏ အချက်အလက်လုံခြုံရေး” အကြောင်းပြချက်ဖြင့် တရုတ်နိုင်ငံ ဆက်သွယ်ရေးစီးပွားရေးလုပ်ငန်းစု လဲကျစေရန် ရည်ရွယ်ကာ ကြောင်းကျိုးဆီလျော်မှုမရှိသော ကန့်သတ်မှုများကို လုပ်ဆောင်ခဲ့သလို တရုတ်နိုင်ငံ၏ နည်းပညာတစ်ခုကို အင်အားသုံး၍ ရယူရန် ကြိုးပမ်းခဲ့ကြောင်း  ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ယခုတစ်ကြိမ် ဟောင်ကောင်အရေးဝင်ရောက်စွက်ဖက်မှုတွင် အမေရိကန်နိုင်ငံအစိုးရသည် တရုတ်အစိုးရ အရာရှိများ၏ တစ်ဦးချင်း အချက်အလက် နှင့် နေရပ်လိပ်စာများကို ‌ဗြောင်ကျကျ အရှက်မဲ့စွာ အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန ဝက်ဆိုက်မှတစ်ဆင့် ထုတ်ဖော်ဖွင့်ဟခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ထိုသို့သော ဆိုးရွားသည့်အပြုအမူများသည် နိုင်ငံရေးအရ ၊ လူမှုကျင့်ဝတ်အရ စည်းကျော်ဘောင်ကျော် လုပ်ဆောင်ခြင်းဖြစ်ပြီး  လူပုဂ္ဂိုလ် ဆိုင်ရာလုံခြုံရေးဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း နှင့် ယင်း၏ အနိုင်ကျင့်မှု နှင့် စံနှုန်းနှစ်ခုထား ပြုမူဆောင်ရွက်မှုကို ကမ္ဘာကြီးအား ရှင်းလင်းစွာ ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပြီး အမေရိကန်နိုင်ငံအနေဖြင့် လျင်မြန်သော အရှိန်တစ်ခုဖြင့် လူ့ဂုဏ်သိက္ခာ ဒေဝါလီခံရတော့မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။(Xinhua)