Connect with us

Politics, Law & Military

G20 အစည်းအဝေးပွဲ အကြို တရုတ်သမ္မတ နှင့် အီတလီ ဝန်ကြီးချုပ်တို့တွေ့ဆုံ

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် အီတလီနိုင်ငံဝန်ကြီးချုပ် Matteo Renzi တို့အားတွေ့ရစဉ်(ဆင်ဟွာ)

ဟန်ကျိုး၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် အီတလီနိုင်ငံဝန်ကြီးချုပ် မက်တီယိုရန်ဇီ(Matteo Renzi) တို့သည် စက်တင်ဘာလ ၃ ရက်တွင် တွေ့ဆုံကြစဉ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ခိုင်မာအောင် အားထုတ်လုပ်ဆောင်သွားရန် အချင်းချင်း ကတိပြုခဲ့ကြကြောင်းသိရသည်။ စက်တင်ဘာလ ၄ ရက် မှ ၅ ရက်ထိ တရုတ်နိုင်ငံ ဟန်ကျိုးမြို့၌ ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ရောက်ရှိလာသည့် အီတလီဝန်ကြီးချုပ်အား ကြိုဆိုနှုတ်ဆက်စဉ် တရုတ်သမ္မတရှီက နှစ်နိုင်ငံဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးကို အီတလီနိုင်ငံ နှင့်အတူ ရှေ့ဆက်တွန်းအားထုတ်လုပ်ဆောင်သွားရန် တရုတ်နိုင်ငံက ဆန္ဒရှိပါကြောင်း ပြောကြားခဲ့သည်။

တရုတ် နှင့် အီတလီ နှစ်နိုင်ငံအကြား ပါဝင်ပတ်သက်နေသည့် အချက်အချာကျသော အကျိုးစီးပွားဆိုင်ရာများ နှင့် အဓိက စိုးရိမ်မကင်းဖြစ်နေရသော အကြောင်းအရာများတွင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ယုံကြည်လေးစားမှုဖြင့် ဆက်လက်လုပ်ဆောင်သွားကြရန် နှင့် နှစ်နိုင်ငံအစိုးရအကြား ၊ လွှတ်တော်အကြား နှင့် နိုင်ငံရေးပါတီများအကြားတွင် နက်နက်ရှိုင်းရှိုင်း အပြန်အလှန်ပူးပေါင်းဖလှယ်ရေး လုပ်ဆောင်သွားရန် ရှီက တိုက်တွန်း အကြံပြုခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.