Connect with us

Politics, Law & Military

G20 ၏ဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာ့လူသားအားလုံးကို အကျိုးပြုသင့်ကြောင်း သမ္မတရှီ ပြော

(B20) အစည်းအဝေး ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားနေသော သမ္မတ ရှီကျင့်ဖိန် အား တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ကျိုး ၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က G20 အဖွဲ့ဝင်နိုင်ငံများ၏ အဓိက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်သည် ကမ္ဘာ့နိုင်ငံအားလုံး နှင့် ပြည်သူအားလုံးအတွက် အကျိုးကျေးဇူးများဖြစ်ထွန်းစေမည့် ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်သင့်ကြောင်း စက်တင်ဘာလ ၃ ရက်တွင်ပြောကြားလိုက်သည်။

ဟန်ကျိုးမြို့၌ပြုလုပ်သောစီးပွားရေးထိပ်သီးအစည်းအဝေး(B20) ဖွင့်ပွဲအခမ်းအနား၌ ရှီက G20 သည် သက်ဆိုင်ရာပါဝင်သည့် နိုင်ငံများအတွက်သာမကဘဲ တစ်ကမ္ဘာလုံးအတွက် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ ဒါဟာ နိုင်ငံတကာအသိုင်းအဝိုင်းကို ကျွန်တော်တို့ပေးချင်တဲ့ သတင်းစကားပါပဲ” ဟု ရှီက ဆိုသည်။
ထို့ပြင် တရုတ်နိုင်ငံသမ္မတက “ လူသားအားလုံးကို ရရှိခံစားစေချင်ပါတယ်။အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံက ပြည်သူတွေရဲ့ ဘဝတွေကို တစ်နေ့ထက်တစ်နေ့ပိုပြီးကောင်းမွန်စေချင်ပါတယ် ” ဟု ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.