Connect with us

Science & Technology

ကမ္ဘာ့ အကြီးဆုံး ဘက်စုံသုံး လက်တွေ့အသုံးချ နာနို သုတေသန အဆောက်အအုံ တရုတ်တွင် တည်ဆောက်လျက်ရှိ


နန်ကျင်း၊ မတ် ၂၈ ရက် (ဆင်ဟွာ)

စွမ်းရည်ပြည့် ကွန်ပျူတာများနှင့် ဉာဏ်ရည်မြင့် စက်ရုပ်များ ပိုမို တိုးတက်မှု ရှိလာစေရေး နာနို သိပ္ပံနှင့် နာနို နည်းပညာအတွက် ပေါင်းကူး ဖြစ်လာစေမည့် ကမ္ဘာပေါ်တွင် အကြီးဆုံး ဘက်စုံသုံး လက်တွေ့အသုံးချ နာနို သုတေသန အဆောက်အအုံအား တရုတ် သိပ္ပံပညာရှင်များက တည်ဆောက်လျက်ရှိကြောင်း သိရသည်။

လေဟာနယ်နှင့် ချိတ်ဆက်ထားသော Nano-X သုတေသန အဆောက်အအုံကို ကျန်းစုပြည်နယ် စူကျိုးမြို့တွင် တည်ဆောက်ထားပြီး အရာဝတ္ထကြီးထွားမှု အမြင့်ဆုံး စွမ်းဆောင်ရည်များ၊ ကိရိယာ ဖန်တီးမှုနှင့် စမ်းသပ်ခြင်း စသည်ဆို့အား အလွန်မြင့်မားသော လေဟာနယ်ဝန်းကျင် တစ်ခု၌ ပေါင်းစည်းထားခြင်း ဖြစ်ကြောင်း စီမံကိန်း၏ လက်ထောက် ညွှန်ကြားရေးမှူး Ding Sunan က ပြောသည်။

တရုတ်နိုင်ငံရှိ Nano-X သုတေသန အဆောက်အအုံအတွင်းပိုင်း မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

“ဒီ ပလက်ဖောင်းပေါ်မှာ နာနို တိုင်းတာမှုစနစ် ကိရိယာ နည်းပညာသစ် လမ်းကြောင်းသစ် တစ်ခုကို ကျွန်တော်တို့ ရှာဖွေနေပါတယ်၊ ဒါဟာ အာကာသရဲ့ အလွန်မြင့်မားသော လေဟာနယ်တစ်ခု အသွင် ဖန်တီးထားတာ ဖြစ်ပါတယ်” ဟု တရုတ်နိုင်ငံ သိပ္ပံပညာ အဖွဲ့အစည်း လက်အောက်ရှိ စူကျိုး Nano-Tech နှင့် Nano-Bionics တက္ကသိုလ် သုတေသီ Ding က ဆိုသည်။

Nano-X သည် ကနဦး ရန်ပုံငွေ ယွမ် ၃၂၀ သန်း (အမေရိကန် ဒေါ်လာ ၄၆.၅ သန်း) ရရှိခဲ့ပြီး နောက်ဆုံးတွင် အသုံးစရိတ် ယွမ် ၁.၅ သန်း အထိ ရှိလာမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဆောက်အအုံ တည်ဆောက်ရေး ပထမအဆင့်ကို ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ပြီးဆုံးနိုင်မည်ဟု မျှော်လင့်ထားသည်။ ယင်း အဆောက်အအုံတွင် ကိရိယာ ၃၀ ခုဖြင့် ချိတ်ဆက်ထားသည့် မီတာ ၁၀၀ ရှည်လျားသော လေဟာနယ် ပိုက်လိုင်းများ တပ်ဆင်ထားကြောင်း၊ တည်ဆောက်မှုများ ပြီးစီးသွားခဲ့ပါက လေဟာနယ် ပိုက်လိုင်းအရှည် မီတာ ၅၀၀ ရှိလာမည် ဖြစ်ပြီး ကိရိယာကြီး ၁၀၀ ကျော်ဖြင့် ချိတ်ဆက်သွားနိုင်မည် ဖြစ်ကြောင်း Ding က ပြောကြားခဲ့သည်။

Nano-X သည် တရုတ်နိုင်ငံ၏ အမျိုးသား သုတေသန အခြေခံ အဆောက်အအုံ စနစ်အား အားဖြည့်ပေးပြီး နာနို သိပ္ပံနှင့် နာနို နည်းပညာအတွက် ကမ္ဘာ့ အဆင့်အတန်းမီ ပေါင်းကူး တစ်ခု ဖြစ်လာစေမည် ဖြစ်ကြောင်း၊ အဆင့်မြင့် နည်းပညာများဆိုင်ရာ အမျိုးသား မဟာဗျူဟာအတွက် နည်းပညာ ထောက်ပံ့ပေးနိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.