Connect with us

Science & Technology

တရုတ်-အာဆီယံ အင်တာနက် ပူးပေါင်း ဆောင်ရွက်မှု အတွက် အထူးရန်ပုံငွေ တရုတ် ထူထောင်မည်

တရုတ်နိုင်ငံတော် ကောင်စီ ဆိုက်ဘာစပေ့ စီမံခန့် ခွဲရေး ဝန်ကြီး လုဝေ နန်နင်းမြို့တွင် ကျင်းပနေ သော တရုတ်-အာဆီယံ သတင်းအချက်အလက် ဖလှယ်ရေး ဖိုရမ်၌ မိန့်ခွန်းပြောနေစဉ် (ဆင်ဟွာ)

နန်နင်း၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အာဆီယံ နိုင်ငံများ အကြား အင်တာနက်နှင့် ဆက်သွယ်ရေး အခြေခံ အဆောက်အအုံဖြင့် ချိတ်ဆက်နိုင်ရန် အတွက် တရုတ်နိုင်ငံ အနေဖြင့် အထူး ရန်ပုံငွေ တစ်ရပ် ထူထောင်ရန် ရှိကြောင်း တရုတ်နိုင်ငံတော် ကောင်စီ ဆိုက်ဘာစပေ့ စီမံခန့် ခွဲရေး ဝန်ကြီး လုဝေက ပြောသည်။

လုဝေသည် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော် နန်နင်းမြို့တွင် ကျင်းပနေသော တရုတ်-အာဆီယံ သတင်းအချက်အလက် ဖလှယ်ရေး ဖိုရမ် ( China-ASEAN Information Harbor Forum) ၌ တနင်္ဂနွေနေ့က မှတ်ချက်ပြု ပြောကြားခဲ့ခြင်း ဖြစ်ပြီး အိုင်တီ အခြေခံ အဆောက်အအုံနှင့် တရုတ်နိုင်ငံနှင့် အရှေ့တောင် အာရှနိုင်ငံများ အကြား ဆက်သွယ်နိုင်မည့် e-commerce စနစ်မြှင့်တင်ရန် စသည့်အကြောင်း အရာများ ဆွေးနွေးကြမည် ဖြစ်သည်။

အဆိုပါ သတင်းအချက်အလက် ဖလှယ်ရေး အစီအစဉ် အား ၂၀၁၄ ခုနှစ် စက်တင်ဘာလက တရုတ်နိုင်ငံမှ ပထမဆုံး အဆိုပြုထားခြင်းဖြစ်သည်။ ထို စီမံကိန်းတွင် တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများအတွက် အကျိုးရှိနိုင်မည့် ပူးပေါင်းဆောင်ရွက်မှု ငါးခုပါဝင်မည်ဖြစ်ပြီး ယင်းတို့မှာ အခြေခံအဆောက်အအုံ သတင်းအချက်အလက် မျှဝေရေး၊ နည်းပညာပိုင်း အဆင့်မြှင့်တင်ရေး၊ ကုန်သွယ်ရေးဝန်ဆောင်မှုနှင့် ယဉ်ကျေးမှုဖလှယ်ရေး စသည်ဖြင့် ပါဝင်သည်။

ထိုစီမံကိန်းသည် ကုန်သွယ်မှု အခြေခံ အဆောက်အအုံ ကွန်ရက် တစ်ခုဖြစ်သည့် ၂၁ ရာစု ပင်လယ်ရေကြောင်း ပိုလမ်းမကြီးအတွက် သတင်းအချက်အလက် ဗဟိုချက်အဖြစ် တည်ထောင်ရန် ရည်ရွယ်ထားပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ အားပေးမှုနှင့် ထောက်ခံမှု ကိုလည်း ရရှိထားပြီး ဖြစ်ကြောင်း လုဝေက ပြောသည်။

တရုတ်နိုင်ငံ၏ စီမံကိန်းအရ တရုတ်-အာဆီယံ သတင်းအချက်အလက် ဖလှယ်ရေး ဌာနချုပ်ကို နန်နင်းမြို့တွင် တည်ထောင်သွားရန် ရှိပြီး ရင်းနှီးမြှုပ်နှံငွေ ယွမ် ၂၀.၉ ဘီလီယံ ( အမေရိကန် ဒေါ်လာ ၃.၃ ဘီလီယံ) ကုန်ကျနိုင်မည့် စီမံကိန်း ၃၄ ခုပါဝင်မည်ဖြစ်သည်။ကွမ်ရှီး အစိုးရ ထုတ်ပြန်ချက်အရ ၂၀၁၄ ခုနှစ် e-commerce ကုန်သွယ်မှု ပမာဏသည် ယွမ် ၂၁၀ ဘီလီယံ (အမေရိကန် ဒေါ်လာ ၃၃ ဘီလီယံ) ရှိခဲ့၍ ၂၀၁၃ ခုနှစ်ကထက် ၆၅.၉ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။ ၂၀၁၅ ခုနှစ် ပထမနှစ်ဝက်တွင်တော့ e- commerce ကုန်သွယ်မှု ပမာဏသည် ယွမ် ၁၉၃.၉ ဘီလီယံ ရှိလာခဲ့ပြီး ၂၀၁၄ ခုနှစ် အလားတူ ကာလက ပမာဏ နှင့်ယှဉ်လျှင် ၈၄.၇ ရာခိုင်နှုန်းမြင့်လာခဲ့ခြင်း ဖြစ်သည်။

ဖွံ့ဖြိုးဆဲ အာရှနိုင်ငံများနှင့် အနောက်နိုင်ငံများအကြား ကြီးမားသော ကိန်းဂဏန်းဆိုင်ရာ ကွာဟမှုရှိနေဆဲဖြစ် သည်ဒ တရုတ်လူမျိုါ် သန်း ၇၀၀ နှင့် အရှေ့တောင်အာရှနိုင်ငံက လူသန်းပေါင်း ၄၀၀ သည် အင်တာနက်သုံးစွဲ မှု မရရှိသေးဘူးဟု လုဝေက ပြောပါသည်။

နှစ်ရက်ကြားပြုလုပ်မည့် တရုတ်-အာဆီယံ သတင်းအချက်အလက် ဖလှယ်ရေးဖိုရမ်သည် အစိုရချင်း၊ ကုမ္ပဏီချင်းနှင့် e-commerce ပညာရပ်ဆိုင်ရာ ပညာသင်ဆုများနှင့် အင်တာနက်လုံခြုံရေးနှင့် ယဉ်ကျေးမှု လုပ ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိခိုင်မာလာစေရန် လမ်းစရှာသွားမည်ဟု ဆိုသည်။

တနင်္ဂနွေနေ့ အစည်အဝေး၌ တရုတ်နိုင်ငံ ဆိုက်ဘာစပေ့ စီမံခန့်ခွဲရေး နိုင်ငံတော်ကောင်စီ သည် ဆိုက်ဘာ စပေ့ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းများအတွက် လာအိုနိုင်ငံ စာတိုက်နှင့် ကြေးနန်းဆက် သွယ်ရေး ဝန်ကြီးဋ္ဌာနနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။
ယင်းဖိုရမ်အား တရုတ်နိုင်ငံ ဆိုက်ဘာစပေ့ စီမံခန့်ခွဲရေး နိုင်ငံတော်ကောင်စီ၊ NDRC နှင့် ဂေါင်ရှီးအစိုးရတို့ ပူးတွဲကျင်းပခြင်း ဖြစ်သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117