Connect with us

Science & Technology

တရုတ်နိုင်ငံက ဆက်သွယ်ရေးနည်းပညာ လက်တွေ့စမ်းသပ်မှု ဂြိုဟ်တုအသစ် လွှတ်တင်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဆက်သွယ်ရေးနည်းပညာ လက်တွေ့စမ်းသပ်မှု ဂြိုဟ်တုအသစ်တစ်စင်း လွှတ်တင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရှီးချန်း၊ ဖော်ဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဆက်သွယ်ရေးနည်းပညာ လက်တွေ့စမ်းသပ်မှု ဂြိုဟ်တုအသစ်တစ်စင်းကို ဖေဖော်ဝါရီ ၄ ရက်က အောင်မြင်စွာလွှတ်တင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဂြိုဟ်တုအား ပေကျင်းစံတော်ချိန် ည ၁၁:၃၆ နာရီက Long March-3B သယ်ဆောင်ရေးဒုံးပျံဖြင့် လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး စီစဉ်ထားသည့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ဝင်ရောက်သွားပြီဖြစ်သည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဆက်သွယ်ရေးနည်းပညာ လက်တွေ့စမ်းသပ်မှု ဂြိုဟ်တုအသစ်တစ်စင်း လွှတ်တင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ) 

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဆက်သွယ်ရေးနည်းပညာ လက်တွေ့စမ်းသပ်မှု ဂြိုဟ်တုအသစ်တစ်စင်း လွှတ်တင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ) 

၎င်းဂြိုဟ်တုကို ဆက်သွယ်ရေး၊ ရေဒီယို၊ ရုပ်မြင်သံကြားနှင့် အချက်အလက်ထုတ်လွှင့်ခြင်းတို့အပြင် နည်းပညာစမ်းသပ်မှုများအတွက် အသုံးပြုသွားမည်ဖြစ်သည်။

ယခုအကြိမ်သည် Long March သယ်ဆောင်ရေးဒုံးပျံစီးရီး ၃၆၀ ခုမြောက် လွှတ်တင်ခြင်းလည်းဖြစ်သည်။ (Xinhua)

…………………………………………
(English Version)
China launches new communication technology experiment satellite
XICHANG, Feb. 4 (Xinhua) — China successfully launched a new communication technology experiment satellite from the Xichang Satellite Launch Center in southwest China’s Sichuan Province on Thursday.
The satellite was launched at 11:36 p.m. (Beijing Time) by a Long March-3B carrier rocket and entered the planned orbit successfully.
It will be used in communication, radio, television and data transmission, as well as technology tests.
This launch marked the 360th mission for the Long March series carrier rockets. Enditem
China successfully launches a new communication technology experiment satellite from the Xichang Satellite Launch Center in southwest China’s Sichuan Province at 11:36 p.m. (Beijing Time) on Feb. 4, 2021. (Photo by Zhang Jing/Xinhua)