Connect with us

Science & Technology

တရုတ်နိုင်ငံ ဟဲပေပြည်နယ်တွင် ယခုနှစ်ကုန်ပိုင်းအထိ 5G အခြေစိုက်စခန်းပေါင်း ၁၅,၀၀၀ တည်ဆောက်မည်

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ရှီးကျားကျွမ်းမြို့တွင် တရုတ် နိုင်ငံတကာ ဒီဂျစ်တယ်စီးပွားရေးပြပွဲ (CIDEE) ၌ 5G စမတ်ကားများအား လူအများ စမ်းသပ်မောင်းနှင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရှီးကျားကျွမ်း၊ မတ် ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ်တွင် 5G ကွန်ရက်တည်ဆောက်မှု အရှိန်မြှင့်တင်ရန် ယခုနှစ်ကုန်ပိုင်းအထိ  5G အခြေစိုက်စခန်း ၁၅,၀၀၀ ခု တည်ဆောက်သွားမည် ဖြစ်ကြောင်း ဒေသခံအာဏာပိုင်များက မတ် ၂၀ ရက်၌ ပြောကြားခဲ့သည်။

ဟဲပေပြည်နယ်ရှိ မြို့ ၁၁ မြို့နှင့် Xiongon နယ်မြေသစ်ရှိ မြို့ပြနယ်မြေများတွင် ယခုနှစ်ကုန်ပိုင်း၌ 5G ကွန်ရက် လွှမ်းခြုံနိုင်မည်ဟု မျှော်မှန်းထားကြောင်း ပြည်နယ် ဆက်သွယ်ရေးစီမံခန့်ခွဲမှုဌာနထံမှ သိရသည်။

ထို့ပြင် ဟဲပေပြည်နယ်အနေဖြင့် 5G ပြောင်းလဲရေးဆောင်ရွက်မှုများတွင် နှစ်စဉ် ရင်းနှီးမြှုပ်နှံမှု ယွမ် ၁၃ ဒသမ ၈၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၆ ဘီလီယံ) အထိ တိုးမြှင့်ရန်နှင့် စက်မှုလုပ်ငန်းဆိုင်ရာ အင်တာနက်၊ telemedicine နှင့် smart city ကဲ့သို့ အဓိကနယ်ပယ်များတွင် 5G သုံးစွဲမှုမြှင့်တင်ရေး ပိုမိုလုပ်ဆောင်သွားရန် စီစဉ်ထားသည်။

ဟူပေပြည်နယ်တွင် မတ် ၄ ရက်အထိ 5G အခြေစိုက်စခန်း စုစုပေါင်း ၃,၃၆၀ ခုအား တည်ဆောက်နေဆဲ ဖြစ်ကြောင်း ဒေသခံအာဏာပိုင်များ၏ အဆိုအရ သိရသည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117