Connect with us

Social, Education & Health

ဂျက်မာဖောင်ဒေးရှင်းက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး တိုးတက်မှုရှိစေရန် ကန်ဒေါ်လာ ၁၄ ဒသမ ၄ သန်း လှူဒါန်း

အလီဘာဘာအုပ်စုနှင့် ဂျက်မာဖောင်ဒေးရှင်းတည်ထောင်သူ ဂျက်မာအား တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

ဂျက်မာဖောင်ဒေးရှင်းက နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းအား ထောက်ပံ့ရန် ယွမ် သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၄ သန်း) ပေးလှူသွားမည်ဟု ကြေညာခဲ့သည်။

“သိပ္ပံပညာရှင်တွေအနေနဲ့ အချိန်နဲ့အမျှ ပြိုင်ပွဲဝင်နေကြရတာကို ကျွန်တော်တို့ အသေအချာသိပါတယ်။ ကာကွယ်ဆေး သုတေသနကနေ ပမာဏများများအထိ ထုတ်လုပ်ပြီး အသုံးပြုဖို့ဆိုတာ လွယ်ကူတဲ့အလုပ် မဟုတ်ပါဘူး” ဟု အလီဘာဘာအုပ်စုနှင့် ဂျက်မာဖောင်ဒေးရှင်းတည်ထောင်သူ ဂျက်မာက ပြောခဲ့သည်။ဖောင်ဒေးရှင်းအနေဖြင့် ဗိုင်းရပ်စ်ကူးစက်မှု တိုက်ဖျက်ရေးတွင် ဆေးသိပ္ပံ ဖွံ့ဖြိုးတိုးတက်မှုနှင့် လေ့လာဆည်းပူးမှုဆိုင်ရာ ပိုမိုကူညီထောက်ပံ့နိုင်ရေးအတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း မာက ဆိုသည်။

ပြည်သူ့ သုတေသနအဖွဲ့အစည်းများအနေဖြင့် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးနှင့် ဆေးဝါးအသစ်များ တိုးတက်မှုအတွက် လိုအပ်သော AI စွမ်းဆောင်မှုများအားလုံးသို့ အခမဲ့ဝင်ရောက်နိုင်ရန် အလီဘာဘာအုပ်စုကလည်း ထောက်ပံ့သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ထို့ပြင် အလီဘာဘာအုပ်စုက နိုင်ငံတစ်ဝန်း ရောဂါကူးစက်မှု တိုက်ဖျက်ရေးတွင် ရှေ့တန်းမှ ပါဝင်ဆောင်ရွက်သည့် ကျန်းမာရေးဝန်ထမ်းများအတွက် ယွမ် ၅၀၀,၀၀၀ နှင့်အထက် ကျန်းမာရေးအာမခံ၊ ဆေးဘက်ဆိုင်ရာ ထောက်ပံ့မှုများအတွက် အထူးရန်ပုံငွေ ယွမ် ၁ ဘီလီယံ ထူထောင်ထားကြောင်း သိရသည်။ (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117