Connect with us

Social, Education & Health

အီရန်နိုင်ငံရေကြီးမှု တွင် တရုတ်နိုင်ငံမှ ကူညီသည့် ပစ္စည်းပထမအသုတ် အီရန်နိုင်ငံသို့ရောက်ရှိ

အီရန်နိုင်ငံ ၏ ရေကြီးမှုတစ်ချို့ အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

တီဟီရန်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံတွင် ရေကြီးမှု ကို တရုတ်နိုင်ငံ အစိုးရက အရေးပေါ်ကူညီသည့်ပထမအသုတ်ပစ္စည်းများ အီရန်နိုင်ငံ ၏ မြို့တော် တီဟီရန် သို့ ဧပြီလ ၂၆ ရက် တွင်ရောက်ရှိကြောင်း သိရသည်။

အီရန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Pang Sen က လက်မှတ်ရေးထိုးပွဲအခမ်းအနားအပြီး တွင် အီရန်နိုင်ငံ အတွက် ထောက်ပံ့ရေးပစ္စည်းများ အားလွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါပစ္စည်းများအနက်မှ ရေစိုခံတဲ ၂၆၀၀ ကို တရုတ်နိုင်ငံပိုင်လေယာဉ်ဖြစ်သည့် China Cargo လေကြောင်း လိုင်းဖြင့် အီရန်နိုင်ငံ သို့ သယ်ဆောင်လာခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုအရ အီရန်ပြည်သူတွေ ကိုလက်လှမ်းမီသလောက်ကူညီဖို့ ဆန္ဒရှိပါတယ်’’ ဟု Pang ကပြောသည်။

အီရန်နိုင်ငံ ၏ နိုင်ငံခြားရေးဝန်ကြီး က တရုတ်နိုင်ငံ ကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ မှကူညီသောပစ္စည်းများဖြစ်သည့် အသက်ကယ်လှေ၊ အသက်ကယ်အကျီ ၤ၊ ဒီဇယ်မီးစက်များ သည် လာမည့်ရက်များတွင် ရောက်ရန်ရှိကြောင်း သိရသည်။

အီရန်နိုင်ငံတွင် မေလ နှောင်းပိုင်းမှ စ၍ မိုးအဆက်မပြတ်ရွာသွန်းခဲ့ကား၊ နိုင်ငံ၏ ပြည်နယ် ၃၁ ခုအနက် အနည်းဆုံး ပြည်နယ် ၂၅ ခုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကာ၊ ၎င်းဖြစ်စဉ်ကြောင့် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ဆုံးရှုံးခဲ့ကာ လူများဒါဇင်နှင့်ချီ၍ သေဆုံးခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117