Connect with us

MYANMAR

တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ် မစ္စတာ ချန်းချန်က  မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်သို့ သွားရောက်၍ တရုတ်ပညာတော်သင်ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံအားပေး

မန္တလေးမြို့အခြေစိုက် တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ် မစ္စတာချန်းချန်က မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်သို့ သွားရောက်၍ ဆရာဆရာမများ၊ တရုတ်ပညာတော်သင်ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံစဉ် (ဆင်ဟွာ)

မန္တလေး၊ မတ် ၂၆ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ် မစ္စတာ ချန်းချန်သည် ကောင်စစ်ဝန်ရုံးမှအရာရှိများကို ဦးဆောင်၍ မြန်မာနိုင်ငံရှိ တရုတ်ကုန်သည်လုပ်ငန်းရှင်များအသင်းတာဝန်ခံများနှင့်အတူ မတ် ၂၆ ရက်က မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်သို့ သွားရောက်၍ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွင် ပညာသင်ကြားလျက်ရှိသော တရုတ်ကျောင်းသားကျောင်းသူများအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ကြောင်း မန္တလေးအခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး ဝဘ်ဆိုက်မှ သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် မန္တလေးမြို့အခြေစိုက် တရုတ်နိုင်ငံကောင်စစ်ဝန်ရုံး၊ တရုတ်ပညာတော်သင်ကျောင်းသား ကိုယ်စားလှယ်များ၊ကျောင်းတာဝန်ရှိသူများ၊ တရုတ်ကုန်သည်လုပ်ငန်းရှင်များအသင်းများနှင့်အတူ ရောဂါကာကွယ်တားဆီးမှုအတွက် အပြန်အလှန်ကူညီဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲကျင်းခဲ့ကြောင်း သိရသည်။

မန္တလေးမြို့အခြေစိုက် တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ် မစ္စတာချန်းချန်က မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်သို့ သွားရောက်၍ ဆရာဆရာမများ၊ တရုတ်ပညာတော်သင်ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံစဉ် (ဆင်ဟွာ)

မန္တလေးမြို့အခြေစိုက် တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ် မစ္စတာချန်းချန်က မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်သို့ သွားရောက်၍ ဆရာဆရာမများ၊ တရုတ်ပညာတော်သင်ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံစဉ် (ဆင်ဟွာ)

မန္တလေးမြို့အခြေစိုက် တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ် မစ္စတာချန်းချန်က မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်သို့ သွားရောက်၍ ဆရာဆရာမများ၊ တရုတ်ပညာတော်သင်ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံစဉ် (ဆင်ဟွာ)

မန္တလေးမြို့အခြေစိုက် တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ် မစ္စတာချန်းချန်က မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်သို့ သွားရောက်၍ ဆရာဆရာမများ၊ တရုတ်ပညာတော်သင်ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံစဉ် (ဆင်ဟွာ)

ကောင်စစ်ဝန်ချုပ် မစ္စတာ ချန်းချန်က တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီနှင့်နိုင်ငံတော်သည် ပညာတော်သင်ကျောင်းသားကျောင်းသူများအား အထူးအလေးထားဂရုစိုက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

လက်ရှိ တရုတ်နိုင်ငံရောဂါတိုက်ဖျက်ရေးတွင် ရရှိခဲ့သော ရလဒ်များနှင့် တရုတ်-မြန်မာနှစ်နိုင်ငံအတူ တစ်လှေတည်းစီးတစ်ခရီးတည်းသွားကာ အတူတကွရောဂါတိုက်ဖျက်ရေး ဆောင်ရွက်နေပုံများအား ရှင်းလင်းပြောကြားခဲ့ပြီး ပညာသင်ကြားသည့်အခြေအနေ၊ နေထိုင်မှုအခြေအနေနှင့် ရောဂါကာကွယ်ရေးတွင် ကြုံတွေ့ရသည့် အခက်အခဲများအား မေးမြန်းခဲ့ကြောင်း သိရသည်။

ကောင်စစ်ဝန်ချုပ် မစ္စတာ ချန်းချန်က  မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနနှင့် တက္ကသိုလ်ကျောင်းများအနေဖြင့် တရုတ်ပညာတော်သင်ကျောင်းသားကျောင်းသူများအား ဂရုစိုက်စောင့်ရှောက်ပေးသည့်အတွက်ကျေးဇူးတင်ရှိကြောင်း ၊ မိမိတို့အနေဖြင့် တက္ကသိုလ်ရှိ ကျောင်းသားကျောင်းသူများအတွက် လိုအပ်သည့်အကူအညီများပေးအပ်သွားလိုကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံကောင်စစ်ဝန်ချုပ်ရုံးမှ ရောဂါကာကွယ်ရေးအထောက်အပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ၊ ကျောင်းအနေဖြင့်လည်း ပညာတော်သင်ကျောင်းသားကျောင်းသူများအား ဆက်လက် စောင့်ရှောက်ပေးမည်ဖြစ်ကြောင်း ဆရာဆရာမများက ပြောကြားခဲ့သည်။  

မြန်မာနိုင်ငံရှိ တရုတ်ကုန်သည်လုပ်ငန်းများအသင်း တာဝန်ခံကိုယ်စားလှယ်ကလည်း တရုတ်ကုန်သည်လုပ်ငန်းရှင်များနှင့် ပညာတော်သင်ကျောင်းသားကျောင်းသူများ ရောဂါကာကွယ်ရေးဆိုင်ရာ အပြန်အလှန်ကူညီရေးအသင်းကို ဖွဲ့စည်းခဲ့ရာ လိုအပ်ချက်များရှိပါက ပညာတော်သင်ကျောင်းသားများအတွက် စားဝတ်နေရေး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သလို အွန်လိုင်း လက်တွေ့ဆင်းနိုင်ရန် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပြီး ပညာသင်ကျောင်းများအတွက်လည်း ရောဂါကာကွယ်ရေးဆိုင်ရာ ကူညီထောက်ပံ့မှုများကို တတ်နိုင်သ၍ အစွမ်းကုန် ကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယူနန် တက္ကသိုလ်၊ ယူနန် ဆရာအတတ်သင်တက္ကသိုလ်၊ ယူနန်တိုင်းရင်းသား တက္ကသိုလ်၊ ကွမ်ရှီးတိုင်းရင်းသား တက္ကသိုလ်စသည့် တက္ကသိုလ် ကျောင်း ၇ ကျောင်းမှ မြန်မာနိုင်ငံသို့လာရောက် ပညာသင်ကြားနေကြသည့် ကျောင်းသားကျောင်းသူများကလည်း ကူညီအားပေးစောင့်ရှောက်မှုများအား အထူးကျေးဇူးတင်ရှိကြောင်းနှင့် ပညာကို ဆက်လက်ကြိုးစားသင်ယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။  (Xinhua)