Connect with us

MYANMAR

COVID-19 ရောဂါကာကွယ်တိုက်ဖျက်ရေးအတွက် YUN TIAN HUA GROUP မှ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံ နှာခေါင်းစည်း ၁သောင်း လှူဒါန်းပေးအပ်

COVID-19 ရောဂါကာကွယ်တိုက်ဖျက်ရေး ထောက်အပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းသည့်အခမ်းအနားတွင် စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကူးစဉ် (ဓါတ်ပုံ- YUN TIAN HUA GROUP)

ရန်ကုန်၊ ဧပြီ ၂ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ လယ်ယာကဏ္ဍတွင် COVID-19 ရောဂါ ကာကွယ်တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံ YUN TIAN HUA GROUP မှ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံသို့ N95 နှာခေါင်းစည်း ၅၀၀၀ ၊ဆေးရုံသုံးနှာခေါင်းစည်း(Medical surgical mask)၅၀၀၀အပါအဝင် စုစုပေါင်း နှာခေါင်းစည်း ၁သောင်းကို ဧပြီ ၁ ရက်တွင် လှူဒါန်းပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ လှူဒါန်းပေးအပ်ပွဲအခမ်းအနားကို  နေပြည်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၌ ကျင်းပရာ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်း၊ စီမံကိန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း၊ ဆည်မြောင်းနှင့် ရေအရင်းအမြစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော် ၊ လယ်ယာစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးနှင့်  YUN TIAN HUA GROUP မြန်မာနိုင်ငံ ကုမ္ပဏီခွဲ SHWE CROP NUTRIENTS CO.,LTD ဘဏ္ဍာရေးတာဝန်ခံ မစ္စတာ ကျန်းကျန်းစသည့် ကုမ္ပဏီ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်နှင့်YUN TIAN HUA GROUP မြန်မာနိုင်ငံ ကုမ္ပဏီခွဲ SHWE CROP NUTRIENTS CO.,LTD ဘဏ္ဍာရေးတာဝန်ခံ မစ္စတာ ကျန်းကျန်းအားတွေ့ရစဉ်(ဓါတ်ပုံ- YUN TIAN HUA GROUP)

အခမ်းအနားတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးလှကျော်က တစ်ကမ္ဘာလုံးတွင် ကပ်ရောဂါအခြေအနေဆိုးဝါးစွာဖြစ်ပေါ်လျက်ရှိရာ ရောဂါကာကွယ်ရေးဆိုင်ရာအထောက်အပံ့ပစ္စည်းများသည် နိုင်ငံအသီးသီးက အရေးပေါ်လိုအပ်လျက်ရှိကြောင်း၊ ယခုကဲ့သို့ ရောဂါကာကွယ်ရေး နှာခေါင်းစည်းများ ပေးအပ်လှူဒါန်းသည့်အတွက် ဝန်ကြီးဌာနကိုယ်စားကျေးဇူးတင်ရှိကြောင်း၊ YUN TIAN HUA GROUPအနေနှင့် မြန်မာနိုင်ငံ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီများပေးလျက်ရှိရာ အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှုများ ထပ်ဆင့်တိုးဆောင်ရွက်ရင်း လယ်ယာကဏ္ဍဖွံ့ဖြိုးမှုကို အတူ ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

COVID-19 ရောဂါကာကွယ်တိုက်ဖျက်ရေး ထောက်အပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းသည့်အခမ်းအနားတွင် စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကူးစဉ်(ဓါတ်ပုံ– YUN TIAN HUA GROUP)

မစ္စတာ ကျန်းကျန်းကလည်း တရုတ်-မြန်မာ နှစ်နိုင်ငံသည် တောတောင်ရေမြေဆက်စပ်နေ သလို အပြန်အလှန်ထားရှိသည့်ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည်လည်း နက်ရှိုင်းကြောင်း၊ တရုတ်နိုင်ငံတွင် ကပ်ရောဂါဖြစ်ပွားစဉ်က မြန်မာမိတ်ဆွေများအနေဖြင့် တရုတ်နိုင်ငံ ဝူဟန့်အတွက် ဆန်တန်ချိန် ၂၀၀ ပေးအပ်လှူဒါန်းကူညီခဲ့ကြောင်း၊ တစ်ကမ္ဘာလုံးတွင် ကပ်ရောဂါဖြစ်ပွားလျက်ရှိရာ ဂလိုဘယ်လ်လိုက်ဇေးရှင်းယနေ့ခေတ် လူသားတို့၏ ကံကြမ္မာတူအကျိုးတူအသိုက်အဝန်းတွင် အားလုံးအတူ လက်တွဲပြီး အပြန်လှန်ဖေးမကူညီရင်း အခက်အခဲများကို ကျော်လွှားကြမည်ဖြစ် ကြောင်း၊ မိမိတို့ လှူဒါန်းသည့် ရောဂါကာကွယ်ရေးပစ္စည်းများက လယ်ယာဏ္ဍ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အထောက်အပံ့ဖြစ်စေနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

COVID-19 ရောဂါကာကွယ်တိုက်ဖျက်ရေး ထောက်အပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းသည့်အခမ်းအနားတွင် စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကူးစဉ်(ဓါတ်ပုံ– YUN TIAN HUA GROUP)

COVID-19 ရောဂါကာကွယ်တိုက်ဖျက်ရေး ထောက်အပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုပြုလုပ်နေသည်ကို တွေ့ရစဉ်(ဓါတ်ပုံ- YUN TIAN HUA GROUP)

COVID-19 ရောဂါကာကွယ်တိုက်ဖျက်ရေးအတွက် YUN TIAN HUA GROUP မှ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံ လှူဒါန်းပေးအပ်သည့် ပစ္စည်းများအား တွေ့ရစဉ်(ဓါတ်ပုံ- YUN TIAN HUA GROUP)

YUN TIAN HUA GROUP သည် မြန်မာနိုင်ငံ တောင်သူလယ်သမားများ သီးထွက်တိုးဝင်ငွေတိုးစေရန် ရည်ရွယ်၍ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဝန်ဆောင်မှုပေးနိုင်ရန် ၂၀၁၆ ခုနှစ်က မြန်မာနိုင်ငံတွင် ဖက်စပ် SHWE CROP NUTRIENTS CO.,LTD ကို ထူထောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ တစ်ချိန်တည်းမှာပင် YUN TIAN HUA GROUP အနေဖြင့်လည်း မြန်မာနိုင်ငံရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့်အတူ “YUN TIAN HUA ပညာတော်သင် ဖောင်ဒေးရှင်း” နှင့် “YUN TIAN HUA ပညာသင်ဆု” တို့ကိုတည်ထောင်ခဲ့ပြီး ထူးချွန်သော ကျောင်းသားကျောင်းသူများအား ပညာတော်သင် သွားရောက်ရန်အတွက် ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)