Connect with us

MYANMAR

COVID-19 သက်ရောက်မှုကြောင့် ထိခိုက်မှုရှိနေသော စီးပွားရေးလုပ်ငန်းများ မတ် ၃၀ ရက်မှ စ၍ ကုန်သည်စက်မှုအသင်းချုပ်တွင် ချေးငွေလျှောက်ထားနိုင်

ကုန်သည်စက်မှုအသင်းချုပ် ၏ ထုတ်ပြန်ချက်အား တွေ့ရစဉ် (ဓာတ်ပုံ-- UMFCCI)

ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ)

COVID-19 သက်ရောက်မှုကြောင့် ထိခိုက်မှုရှိနေသော စီးပွားရေးလုပ်ငန်းများအား COVID-19 Fund မှထုတ်ပေးမည့်ချေးငွေများ ကို မတ်၃၀ ရက် မှ စတင်လျှောက်ထားနိုင်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) က မတ် ၂၉ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ကုန်သည်စက်မှုအသင်းချုပ်သည် Coronavirus Disease 2019 (COVID-19) ကြောင့်ဖြစ်ပေါ် လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားနိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် အတူ လက်တွဲပူးပေါင်းဆောင်ရွက်ကာ COVID-19 ကြောင့် လတ်တလော စီးပွားရေး ထိခိုက်မှု အများဆုံး ခံစားရသည့်လုပ်ငန်းကဏ္ဍများအား COVID-19 Fund မှ ချေးငွေများ ထုတ်ချေးပေးရာတွင် ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

အဆိုပါချေးငွေကို ဦးစားပေးကုစားရမည့် ကဏ္ဍများတွင်အကျုံးဝင်သည့် စီးပွားရေး လုပ်ငန်း များကို အတိုးနှုန်း၁ရာခိုင်နှုန်း၊ ချေးငွေကာလတစ်နှစ်သတ်မှတ်၍ ချေးငွေ ထုတ်ပေး သွားမည်ဖြစ်ရာ ဉီးစားပေးကုစားရမည့် ကဏ္ဍများရှိ ပူးတွဲပါအချက်များနှင့် ကိုက်ညီသည့် စီးပွားရေးလုပ်ငန်းများ အနေဖြင့် ချေးငွေများ လျှောက်ထားနိုင်ကြောင်း သိရသည်။

လျှောက်လွှာများကို၂၀၂၀ပြည့်နှစ် မတ်၃၀ရက် မှ ဧပြီ၉ရက် အတွင်း နေ့စဉ် နံနက် ၀၉:၃၀ မှ ညနေ ၀၄:၃၀ အချိန်အတွင်း လက်ခံသွားမည်ဖြစ်ကြောင်း၊ နောက်ဆုံးသတ်မှတ်ရက် ဖြစ်သည့် ၂၀၂၀ ပြည့်နှစ် ဧပြီလ ၉ ရက်အထိနောက်ဆုံးထား လျှောက်ထားရန် လိုအပ်ကြောင်း သိရသည်။

လျှောက်လွှာများကို ပူးတွဲပါရုံးဌာနများနှင့်Website အသီးသီးတွင် ရယူနိုင်ကြောင်း၊ သက်ဆိုင်ရာ စာရွက်စာတမ်းများ Link နှင့် လျှောက်လွှာများ ကို – https://bit.ly/3asoevU တွင်ရယူနိုင်ကြောင်း၊ ချေးငွေလျှောက်ထားခြင်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက၀၁ – ၂၃၀၂၄၈၅၊၀၁ – ၂၃၀၁၅၆၂[email protected] ၊ www.umfcci.com.mm  ဆက်သွယ်နိုင်ကြောင်း သတင်းထုတ်ပြန်ချက်ထဲ တွင်ပါရှိသည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117