Connect with us

VIDEO

တရုတ်နိုင်ငံတွင် COVID-19 ရှိမရှိ လျှင်မြန်စွာသိရှိ နိုင်မည့် ခန္ဓာကိုယ်တွင်း ပဋိပစ္စည်းကို စစ်ဆေး သည့် ကိရိယာအသစ် အားခွင့်ပြု

ချုံချင့်၊ မတ် ၁၃ ရက် (ဆင်ဟွာ)

နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက်ခံရမှုရှိမရှိ လျှင်မြန်စွာသိရှိနိုင်မည့် ခန္ဓာကိုယ်တွင်းရှိ ရောဂါကာကွယ်သည့် ပဋိပစ္စည်းကို စစ်ဆေးမည့် ကိရိယာအသစ်ကို တရုတ်နိုင်ငံက ခွင့်ပြုခဲ့သည်။

၎င်း မှာ COVID-19 အတွက် တရုတ်နိုင်ငံတွင် ပထမဆုံးခွင့်ပြုသည့် ဓာတုနည်းပညာသုံး ပဋိပစ္စည်း စစ်ဆေးသည့် ကိရိယာလည်းဖြစ်သည်။ IgM နှင့် IgG ဟုအမည်ရသည့် ခန္ဓာကိုယ်တွင်းရှိ ရောဂါကာကွယ်သည့် ပဋိပစ္စည်း နှစ်မျိုးကို စစ်ဆေးပေးမည့် ၎င်းကိရိယာဖြင့် လူပေါင်း ၄၀၀ ကိုအချိန် မိနစ်ပေါင်း ၁၃၀ အတွင်းစစ်ဆေးပေးနိုင်ခဲ့သည်။သွေးအတွင်း ထို ပဋိပစ္စည်းနှစ်မျိုးစလုံးကိုတွေ့ရှိပါက ရောဂါကူးစက်ခံရကြောင်း အတည်ပြုနိုင်မည်ဖြစ်သည်။

COVID-19 ရှိမရှိ စစ်ဆေးရာတွင် nucleic acid စစ်ဆေးသည့် ကိရိယာများနှင့် နှိုင်းယှဉ်ပါက ပဋိပစ္စည်းကို စစ်ဆေးမည့် ကိရိယာမှာ ပိုမိုစိတ်ချရပြီး အပြန်အလှန်ရောဂါကူးစက်မှုနှုန်း ကိုလျှော့ချနိုင်သည်။ ယခု ပဋိပစ္စည်းကို စစ်ဆေးမည့် ကိရိယာကို ချုံချင့်ဆေးပညာတက္ကသိုလ်နှင့် ဇီဝသိပ္ပံရောဂါရှာဖွေးရေးနည်းပညာဋ္ဌာနတို့ ပူးပေါင်းတီထွင်ထုတ်လုပ်ခြင်းဖြစ် ကြောင်းသိရသည်။  (Xinhua)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.