Connect with us

VIDEO

တရုတ်နိုင်ငံကတစ်ကမ္ဘာလုံး COVID-19 ကို တိုက်ဖျက်ရန် ကူညီ

ပေကျင်း၊ မတ် ၁၃ ရက် (ဆင်ဟွာ)

လက်ရှိတွင် COVID-19 ကူးစက်ခံရမှု အရှိန်လျော့ကျနေပြီဖြစ်သည့် တရုတ်နိုင်ငံအနေဖြင့် လတ်တလော ကမ္ဘာပေါ်တွင် COVID-19 ပြင်းထန်စွာခံစားနေရသည့် နိုင်ငံများသို့  နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး ပစ္စည်းများကို မေတ္တာများဖြင့်ပေးပို့လှူဒါန်းခဲ့ပါသည်။

တရုတ်နိုင်ငံမှ ဥရောပတိုက် သို့ COVID-19 တိုက်ဖျက်ရေး တွင် အထောက်အပံ့ဖြစ်စေရန် တစ်ခါသုံး နှာခေါင်းစည်း များ နှင့် အကာအကွယ်ဝတ်စုံ များကို ပေးပို့လှူဒါန်းခဲ့သည်။ ၎င်းပစ္စည်းများ မှာ အလေးချိန်အားဖြင့် စုစုပေါင်းတန်ချိန် ၂၆. တန် ရှိပြီး အရှေ့ ဟန်ကျိုးမြို့မှ ဥရောပတိုက်သို့  မတ် ၁၁ ရက်နေ့တွင် ရှောင်ရှန်း နိုင်ငံတကာ လေဆိပ်မှ တစ်ဆင့် ပို့ဆောင်ပေးခဲ့သည်။ ထိုပစ္စည်းများကို တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်မှ ပြည်သူများက လှူဒါန်းခြင်းဖြစ်သည်။ တစ်ချိန်တည်း၌ပင် တရုတ်နိုင်ငံမှ အစိုးရမဟုတ်သည့် စေတနာ့ဝန်ထမ်း အဖွဲ့များကလည်း တစ်ကမ္ဘာလုံး COVID-19 တိုက်ဖျက်ရေး တွင် ကူညီလှူဒါန်းမှုများပြုလုပ်ခဲ့သည်။ COVID-19 ပြင်းထန်စွာကူးစက်ခံရသည့်နိုင်ငံများအတွက် အလီဘာဘာဖောင်ဒေးရှင်းနှင့် ဂျက်မား ဖောင်ဒေးရှင်းမှ သန်းနှင့်ချီသော နှာခေါင်းစည်း နှင့် အခြားဆေးဝါးအထောက်အပံ့ များစွာ လှူဒါန်းခဲ့သည်။

 အွန်လိုင်းမှ ကူညီထောက်ပံ့မှု များအနေဖြင့် အီတလီနိုင်ငံနှင့် ဂျပန်နိုင်ငံရှိ တရုတ်သံရုံးများကလည်း နာမကျန်းသူများကို အထောက်အပံ့ ဖြစ်စေမည့် အွန်လိုင်းမှ ကျန်းမာရေး အခမဲ့ တိုင်ပင်ဆွေးနွေးမှုဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျှက်ရှိသည်။  ထို့အပြင် ကျဲ့ကျန်းအင်တာနက် ဆေးရုံဝန်ဆောင်မှုကိုစတင်ခဲ့ပြီးအွန်လိုင်း ကျန်းမာရေးတိုင်ပင်ဆွေးနွေးမှု ဝန်ဆောင်မှုကိုမတ် ၁၀ ရက်ကတည်းက စတင်ခဲ့သည်။ ထိုအစီအစဉ်ထဲတွင် ပြည်နယ် ဆေးရုံ ၇၀ ကျော် ပါဝင်ခဲ့သည်။

အစိုးရပိုင်းမှ အထောက်အပံ့အဖြစ် တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့ ကပ်ရောဂါတိုက်ဖျက်ရေးတွင် ကဏ္ဍ ခုမှ ပံ့ပိုးကူညီ ဆောင်ရွက်မည်ဖြစ်ကြောင်း  ထိုအထဲတွင် နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လိုအပ်သည့် နိုင်ငံများအတွက် ကျန်းမာရေးကျွမ်းကျင်သူများကို စေလွှတ်ပေးမည်ဖြစ်ပြီးနိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုလုံးသို့ ဆေးနှင့် ဆေးဘက်ဆိုင်ရာအထောက်အပံ့များကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ကိန်းစွမ်က မတ် ၁၁ ရက်တွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ဖြေကြားခဲ့သည်။

တရုတ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများကို  မတ် ရက် တွင် အီရန်၊ အီရတ်နှင့် အီတလီ နိုင်ငံတို့သို့ စေလွှတ်ပေးခဲ့သည်။  မတ် ၁၁ ရက်တွင် တရုတ်နိုင်ငံက တောင်ကိုရီးယားနိုင်ငံသို့ နှာခေါင်းစည်း .၁သန်း နှင့် ဆေးဝါးအထောက်အပံ့များ လှူဒါန်းခဲ့သည်။ ဂျပန်နိုင်ငံသို့  COVID-19 စစ်ဆေးရေးကိရိယာများနှင့် အကာအကွယ်ဝတ်စုံအစုံပေါင်း ၅၀၀၀ နှင့် နှာခေါင်းစည်း ၁သိန်းလှူဒါန်းခဲ့သည်။ အီရန်နိုင်ငံသို့ COVID-19 စစ်ဆေးရေးကိရိယာအစုံပေါင်း ၅ထောင်နှင့် မျက်နှာဖုံး ၂သိန်းခွဲလှူဒါန်းခဲ့ပြီး ပါကစ္စတန်နိုင်ငံသို့ COVID-19 စစ်ဆေးရေးကိရိယာ ၁၂၀၀၀ လှူဒါန်းပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။   (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.