Connect with us

WORLD

ကာဂျစ္စတန်နိုင်ငံတွင်COVID-19 ရောဂါဖြင့်ပထမဆုံး သေဆုံးမှုဖြစ်ပွား 

ကာဂျစ္စတန်နိုင်ငံ၏ မြို့တော် ဘစ်ရှ်ကက်အားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ဘစ်ရှ်ကက်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) 

ကာဂျစ္စတန်နိုင်ငံတွင် COVID-19 ရောဂါဖြင့် အသက်  ၆၀ အရွယ်ရှိ လူနာတစ် ဦး သေဆုံးခဲ့ရာနိုင်ငံအတွင်းထိုရောဂါဖြင့် ပထမဆုံးသေဆုံးမှုဖြစ်ကြောင်း  အာဏာပိုင်များက ဧပြီ ၃ ရက်တွင်ပြောကြားခဲ့သည်။

သေဆုံးသူသည်ပြည်ပမှ ကာဂျစ္စတန်နိုင်ငံသို့ ရာက်ရှိခဲ့ပြီး ကာဂျစ္စတန်နိုင်ငံ တောင်ပိုင်း၊ Osh ဒေသရှိဆေးရုံတစ်ခုတွင်ကုသမှုခံယူခဲ့ကြောင်း၊ Republican Headquarters ၏ကိုရိုနာဗိုင်းရပ်စ်  ကာကွယ်တားဆီးရေး နှင့် ထိန်းချုပ်ရေး အစီရင်ခံစာ တွင်ဖော်ပြခဲ့ပြီး ၎င်းမှာအခြားပြင်းထန်သောရောဂါများ

လည်း ခံစားနေရကြောင်းဖြည့်စွက်  ပြောကြားခဲ့သည်။

ကာဂျစ္စတန်နိုင်ငံက COVID-19ရောဂါ ကူးစက်ခံရသူ များမှာ ၁၂၅ ဦးရှိကြောင်း သတင်းထုတ်ပြန်ထားခဲ့သည်။  ဗိုင်းရပ်ပိုးကူးစက်ခံရသူများအနက် လေး ယောက်မှာစိုးရိမ်ဖွယ်အခြေအနေတွင်ရှိပြီးလူနာတစ်ဦး မှာအသက်ရှူစက်ကို အသုံးပြုနေရကြောင်း အဆိုပါ အေဂျင်စီကပြောကြားခဲ့သည်။

Johns Hopkins တက္ကသိုလ် ၏ နောက်ဆုံးထုတ်ပြန်ချက်အရကမ္ဘာတစ်ဝန်း ရှိ COVID-19 ကူးစက်ဖြစ်ပွားမှုအရေအတွက်သည် ၁ သန်းကျော်အထိ မြင့်တက်ခဲ့ပြီးသေဆုံးသူ ၅၁,၀၀၀ ကျော်ရှိကြောင်း သိရသည်။  (Xinhua)