Connect with us

Agriculture

ပြည်ပ ဆန်ဈေးကွက်သစ် ရှာဖွေနိုင်လျှင်၂ဝ၂ဝ ပြည့်နှစ်၌ ဆန်တန်ချိန် လေးသန်းခန့် တင်ပို့နိုင်မည်

မြန်မာနိုင်ငံ၏ ဆန်စပါး အထွက်နှုန်းမြင့်တက်လာစေရန် နည်းပညာ အကူအညီများ ရယူရန်လိုအပ်လျက်ရှိသည်။ (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ပြည်ပသု့ိ ဆန်တန်ချိန် နှစ်သန်းတင်ပို့ရန် မျှော်မှန်းထားပြီး ဈေးကွက်သစ် ရှာဖွေနိုင်ပါက ၂ဝ၂ဝ ပြည့်နှစ်တွင် ပြည်ပသု့ိ ဆန်တန်ချိန် လေးသန်းခန့် တင်ပို့နိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်
ယခင်နှစ်က တရုတ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နိုင်ငံတို့နှင့် ဆန်တင်ပို့ရန် နားလည်မှု စာချွန်လွှာများ လက်မှတ် ရေးထိုးခဲ့သော်လည်း လက်ရှိတွင် လက်မှတ် ရေးထိုးထားသော နားလည်မှု စာချွန်လွှာများမှာ သက်တမ်း ကုန်ဆုံးသွားပြီ ဖြစ်၍ ပြင်ဆင်ချက် တချို့ထည့်သွင်းကာ ထပ်မံလက်မှတ် ရေးထိုးရန် ပြင်ဆင်လျက်ရှိသည်။

ဆန်ကို ဈေးကောင်းပေး ဝယ်ယူသည့် ဂျပန်နိုင်ငံသို့ ဆန်တင်ပို့နိုင်ရေး နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးနိုင်ရန် ကြိုးပမ်းသင့်ကြောင်း မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်က တိုက်တွန်းထားပြီး ယမန်နှစ်က ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၄ သန်း တင်ပို့ခဲ့ရာ တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများသို့ အဓိက တင်ပို့ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသော ဆန်ကို ဥရောပ နိုင်ငံများက ဝယ်လိုအား မြင့်တက်လာခြင်းကြောင့် ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများသည် နည်းပညာ အကူအညီနှင့် တခြားအကူအညီများ ပေးကာ ဆန်စပါး အထွက်နှုန်း မြင့်တက်လာစေရန် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117