Connect with us

Agriculture

အပူချိန် မြင့်တက်မှုကြောင့် ပုစွန်သားဖောက် စခန်းများ ဇွန်လထိ ခေတ္တ ပိတ်သိမ်းမည်

ပုစွန် သားဖောက်ကန် တစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

ယခုနှစ် နွေရာသီတွင် အပူရှိန် မြင့်တက်မှုကြောင့် ပုစွန် သားဖောက် စခန်းများ၌ ပုစွန်သားပေါက်များ အသေအပျောက် များပြား နေသဖြင့် ဇွန်လဆန်း ပိုင်းအထိ ခေတ္တ ပိတ်သိမ်းထားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်ထံမှ သိရသည်။

ပြည်တွင်းရှိ ပုစွန် သားဖောက် စခန်းများ၌ ဧပြီလဆန်းပိုင်းမှ စ၍ သားပေါက်များ၏ ၅ဝ ရာခိုင်နှုန်းအထိ အသေအပျောက် ရှိနေခြင်းကြောင့် ပုစွန် သားဖောက်စခန်းများကို ခေတ္တ ရပ်နားထားရခြင်း ဖြစ်သည်။

အဆိုပါ အပူချိန် မြင့်မားမှုကြောင့် သားပေါက် အသေအပျောက်နှုန်း မြင့်မားနေခြင်းသည် ခေတ်မီ နည်းပညာများကို အသုံးပြုနိုင်ခြင်း မရှိသည့်အပြင် စက်ပစ္စည်းလိုအပ် ချက်များကြောင့် ဖြစ်ကြောင်း၊ မွေးမြူသူများ အနေဖြင့် ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနိုင်ငံတို့မှ ပုစွန်သားပေါက်များကို ဝယ်ယူ မွေးမြူသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117