Connect with us

Culture & Entertainment

စင်ကာပူတွင် ကျင်းပမည့် Miss Jewel Princess International ပြိုင်ပွဲကို မြန်မာနိုင်ငံမှ ပထမဆုံး အကြိမ်အဖြစ် ယှဉ်ပြိုင်မည်

စင်ကာပူတွင် ကျင်းပမည့် Miss Jewel Princess International ပြိုင်ပွဲသွားရောက် ယှဉ်ပြိုင်မည့် အလှမယ် ခင်မေခ (ဓာတ်ပုံ- Khin May Kha Facebook)

ရန်ကုန်၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ)

စင်ကာပူ နိုင်ငံတွင် ကျင်းပမည့် Miss Jewel Princess International 2015 ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အလှမယ် ခင်မေခ မှ ကျောက်များဖြင့် စီချယ်ထားသည့် ဝတ်စုံကို ဝတ်ဆင်ကာ မြန်မာနိုင်ငံ ကိုယ်စားပြု အနေဖြင့် သွားရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း အလှမယ် ခင်မေခ မှ ဆင်ဟွာကို ယနေ့ ပြောကြားသည်။

ခင်မေခ က “ ဒီပြိုင်ပွဲကို ဝင်ပြိုင်ဖို့ အတွင် နိုင်ငံပေါင်း ၃၀ ကျော်က စာရင်း ပေးသွင်းကြပါတယ်။ အဲဒီ နိုင်ငံပေါင်း ၃၀ ထဲကမှ ၁၀ နိုင်ငံကို ရွေးချယ်ခဲ့တာပါ။ မေခက မြန်မာနိုင်ငံကို ကိုယ်စားပြု အနေနဲ့ အကောင်းဆုံး ယှဉ်ပြိုင်သွားမှာပါ။ ကျောက်မျက် နဲ့ဆိုင်တဲ့ ပြိုင်ပွဲတစ်ခုဖြစ်လို့ ဝတ်စုံကို ကျောက်တွေနဲ့ စီစဉ်ထားပါတယ်’’ ဟုပြောသည်။

ကျောက်မျက် ရတနာ ပြိုင်ပွဲဖြစ်သည့် အတွက် မြန်မာ့ ကျောက်မျက် ရတနာတွေအကြောင်း၊ အဖိုးတန် ကျောက်မျက် ရတနာများ အကြောင်းကိုလည်း လေ့လာထားကြောင်း ခင်မေခက ဆိုသည်။

အဆိုပါပြိုင်ပွဲတွင် ဝတ်ဆင်မည့် ကျောက်မျက် ရတနာ လက်ဝတ် လက်စားများကို ပြိုင်ပွဲကျင်းပသည့် Organization မှ ပြိုင်ပွဲအတွက် ဆင်ပေးသွားမှာဖြစ်ကြောင်း ဆိုသည်။

Miss Jewel Princess International 2015 ပြိုင်ပွဲအား စင်ကာပူ နိုင်ငံတွင် စက်တင်ဘာလ ၆ ရက် နှင့် ၇ ရက်တွင် ၂ ရက်ကြာ ကျင်းပ သွားမည်ဖြစ်ပြီး၊ စခန်းသွင်း လေ့ကျင့်မှုကို စင်ကာပူ နိုင်ငံ၌ စက်တင်ဘာလ ၁ ရက်နေ့တွင် စတင် လေ့ကျင့်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.