Connect with us

Environment, Disasters & Accidents

တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသများ ပြန်လည် တည်ထောင်ခြင်း ၁၀ နှစ်တာလုပ်ငန်းအစီအစဉ် ၁၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်းဆို

အင်းလေးကန်တွင်ငါးဖမ်းနေသည့်တံငါသည်တစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ သဘာဝထိန်းသိမ်းရေးနယ်မြေ ၁၉ ခုတွင်တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသများ ပြန်လည် တည်ထောင်ခြင်း ၁၀ နှစ်တာလုပ်ငန်းအစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ၁၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန မှ ညွှန်ကြားရေးမှူးဒေါက်တာနိုင်ဇော်ထွန်း က ဆင်ဟွာသို့ အောက်တိုဘာ ၁၀ ရက်တွင် ပြောသည်။

“ကျွန်တော်တို့ ၁၀ နှစ်စီမံကိန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ကနေစပြီးဆောင်ရွက်တာ အခုဆိုရင် ၁၀ ပုံ ၁ ပုံ၊ ၁၀ ရာခိုင်နှုန်းပြီးပါပြီ။  ၂၀၂၈ -၂၀၂၉ ဘဏ္ဍာ နှစ်မှာ ရာနှုန်းပြည့်ပြီးစီးမှာဖြစ်ပါတယ်။  ဒီစီမံကိန်းရာနှုန်းပြည့်ပြီးရင် ဒေသခံပြည်သူတွေအတွက် သဘာဝဂေဟစနစ်တွေပိုမို ကောင်းမွန်လာမယ်။ရာသီဥတုပြောင်းလဲမှုတွေ ပိုမိုကောင်းမွန်လာမယ်။ ဒေသခံတွေ ပိုမိုပါဝင်ဖို့လိုတယ်။ ပြည်သူတွေရရှိနိုင်မယ့်အကျိုးကို ကျွန်တော်တို့ ကပြသနိုင်ဖို့လိုတယ်လို့ထင်ပါတယ်။ ဒါဆိုပြည်သူတွေပိုမိုပါဝင် လာကြမှာဖြစ်ပါတယ်’’ ဟု ဖြည့်စွက်ပြောကြားသည်။
တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသများ ပြန်လည် တည်ထောင်ခြင်းအတွက် ဆောင်ရွက်လျက်ရှိသော သဘာဝထိန်းသိမ်းရေးနယ်မြေ ၁၉ ခုမှာ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်၊ ပိတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ဟူးကောင်းချိုင့်ဝှမ်းကျားထိန်းသိမ်းရေးနယ်မြေ၊ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ချပ်သင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ အလောင်းတော်ကဿပအမျိုးသားဥယျာဉ်၊ နတ်မတောင်အမျိုးသားဥယျာဉ်၊ ရွှေဥဒေါင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ၊ မင်းစုံတောင်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊  ပုပ္ပါးတောင်အမျိုးသားဥယျာဉ်၊      ပန်းလောင်နှင့် ပြဒါးလင်းဂူတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ၊မိုးယွန်းကြီးအင်းဘေးမဲ့တော၊ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ရခိုင်ရိုးမဆင်ဘေးမဲ့တော၊ကျိုက်ထီးရိုး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနှင့် လန်ပိကျွန်းအဏ္ဏဝါအမျိုးသား ဥယျာဉ်တို့ ဖြစ်ကြောင်း သိရသည်။

“နေရင်းဒေသပြန်လည်တည်ထောင်ခြင်းစီမံကိန်းမှာ ၂ ပိုင်းပါပါတယ်။ တစ်ခုကတော့ သဘာဝထိန်းသိမ်းတဲ့နယ်မြေ ၁၉ ခုမှာ တောရိုင်းတိရစ္ဆာန်တွေကျက်စားနေထိုင်တာကို ကျွန်တော်တို့ကပြန်လည်တည်ထောင်ရေးလုပ်ငန်းတစ်ခု နဲ့ ထိန်းသိမ်းကာကွယ်ရေးမြှင့်တင်ရေး လုပ်ငန်းတစ်ခုပါပါတယ်။ အဓိက အဲဒီလုပ်ငန်းကြီး ၂ ခုနဲ့ လုပ်ငန်း ငယ်လေးတွေကိုဆောင်ရွက်ပါတယ်။ တောရိုင်းတိရစ္ဆာန်ဆိုတာ မှာ မြန်မာပြည်မှာရှိတဲ့ ရွှေသမင်တို့၊ဆင်တို့ သူ့သဘာဝထိန်းသိမ်းရေးနယ်မြေအလိုက် တိရစ္ဆာန်တွေကို ထိန်းသိမ်းပေးတာဖြစ်တယ်။ မိန်းမလှကျွန်းဆိုရင် ဒီရေတောတွေကို ပြန်တည်ထောင်တယ်။ သဘာဝထိန်းသိမ်းရေးနယ်မြေအလိုက် သဘာဝမျိုးရင်းဒေသတွေ ကို ပြန်လည်တည်ထောင်ခြင်းဆောင်ရွက်တာဖြစ်တယ်။ ရခိုင်ရိုးမမှာဆိုရင် ဆင်တွေသွားလာနေထိုင်ကျက်စားနိုင်အောင် ဆောင်ရွက်ပေးတယ်။ ရွှေစက်တော်ဘက်မှာဆိုရင်ကြယ်လိပ်တွေ သဘာဝအတိုင်းနေထိုင်စားသောက်နိုင်ဖို့ကို ဆောင်ရွက်ပေးနေတယ်’’ ဟု ၎င်းကရှင်းပြသည်။

၎င်းစီမံကိန်းပြီးဆုံးမှု ရာခိုင်နှုန်းတဖြည်းဖြည်းများလာသည်နှင့်အမျှ တောရိုင်းတိရစ္ဆာန်များ  ပိုမိုများပြားလာနိုင်ပြီး သစ်တောဖုံးလွှမ်းမှုပိုကောင်းလာမည်ဖြစ်ကြောင်း၊ တရားမဝင် အမဲလိုက်မှုများလည်း လျော့နည်းကျဆင်းသွားမည်ဖြစ်ကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117