Connect with us

Environment, Disasters & Accidents

မြစ်ရေကြီး၍ မကွေးတိုင်းဒေသကြီးအတွင်းရှိ စာသင်ကျောင်း ၁၀၀ ကျော် ယာယီပိတ်ထား

စာသင်ကျောင်းဝင်း အတွင်း မြစ်ရေ ၀င်ရောက်မှု အခြေအနေအား တွေ့ ရစဉ်(ဓာတ်ပုံ-The Mirror Daily)

ရန်ကုန် ၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ)

ဧရာဝတီ မြစ်ရေ ဆက်တိုက် မြင့်တက်မှုကြောင့် မကွေးတိုင်းဒေသကြီးရှိ မြို့နယ် ၇ မြို့နယ်တို့တွင် ဇူလိုင် ၁၆ ရက်အထိ စာသင်ကျောင်း ၁၂၉ ကျောင်းကို ယာယီပိတ်ထားရကြောင်း တိုင်းဒေသကြီး အခြေခံပညာဦးစီးဌာနမှ သိရသည်။

မကွေးမြို့နယ်တွင် ၁ ကျောင်း၊ ရေနံချောင်းမြို့နယ်တွင် ၅ ကျောင်း၊ ချောက်မြို့နယ်တွင် ၂ ကျောင်း၊ မင်းဘူး မြို့နယ်တွင် ၂ ကျောင်း၊ ပွင့်ဖြူမြို့နယ်တွင် ၈ ကျောင်း၊ စလင်းမြို့နယ်တွင် ၁၇ ကျောင်း၊ ပခုက္ကူမြို့နယ် တွင် ၃၆ ကျောင်းနှင့် ရေစကြိုမြို့နယ်တွင် ၅၈ ကျောင်း ယာယီပိတ်ထားရ ကြောင်း သိရသည်။ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ကျေးရွာ အချို့ရှိ စာသင်ကျောင်းအချို့လည်း ပိတ်ထားရမည့် အခြေအနေ ဖြစ်နေပြီး သရက်မြို့နယ် ရေပေါ်ကျွန်းကျေးရွာစာသင်ကျောင်းလည်း မြစ်ရေ မြင့်တက် လာမှုကြောင့် နီးစပ်ရာ ဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့ သင်ကြားနေရကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117