Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံသည် ငလျင်ဇုန်တွင် ပါဝင်ကြောင်း သတင်းထုတ်ပြန်

အယ်လ်ပိုက် ငလျင်ကြော တည်ရှိနေပုံကို မြင်တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ အဓိကကျသည့် ငလျင်ကြော (Earthquake Belt) နှစ်ခုအနက် တစ်ခုဖြစ်သော အယ်လ်ပိုက် (Alpide) ကြောပေါ်၌ တည်ရှိနေပြီး ငလျင်ပြင်းထန်ဇုန်တွင် ပါဝင်ကြောင်း မြန်မာနိုင်ငံ အစိုးရ ၊ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနမှ သတင်း ထုတ်ပြန်သည်။

အဆိုပါ အယ်လ်ပိုက် ငလျင်ကြောသည် အနောက်ဘက် မက်ဒီတာရေးနီးယမ် မြောက်ပိုင်းမှ စတင်ကာ အရှေ့ဘက် လားရာဖြစ်သော တူရကီ ၊ အီရန်၊ အာဖဂန်နစ္စတန် ၊ ဟိမဝန္တာ ၊ မြန်မာနှင့် အင်ဒိုနီးရှားတို့ ထိရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ထင်ရှားသည့် ပြတ်ရွေ့များမှာ နိုင်ငံအနောက် မြောက်ဘက်ရှိ အမည်မရှိသော ပြတ်ရွေ့များ၊ အနောက်ဘက် ကဘော်တောင်ကြား တစ်လျှောက်ရှိ ကဘော်ပြတ်ရွေ့၊ စစ်ကိုင်းပြတ်ရွေ့ နှင့် နောင်ချိုမြို့ အနောက်ဘက်ရှိ ကျောက်ကျန်း ပြတ်ရွေ့ တို့ဖြစ်သည်။

မြန်မာနိုင်ငံ (မြောက်ပိုင်း) မြစ်ကြီးနားနယ်မှ အစပြု၍ စစ်ကိုင်း၊ ဂန့်ဂေါတောင်တန်း၏ အနောက်ဘက်ခြမ်း၊ ပဲခူးရိုးမ၏ အရှေ့ဘက်ခြမ်းကို ဖြတ်၍ မုတ္တမ ပင်လယ်ဝထိ ကီလိုမီတာ ၁,ဝဝဝ ခန့် ရှည်လျားသည့် စစ်ကိုင်း ပြတ်ရွေ့သည် အလျားလိုက် ပြတ်ရွေ့ဖြစ်ပြီး တစ်နှစ်ပျမ်းမျှ ၁၈.၅ မီလီမီတာ ခန့် ရွေ့လျား နေကြောင်း ဘူမိဗေဒ ပညာရှင်များ၏ လေ့လာချက် အရ သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117