Connect with us

Environment, Disasters & Accidents

ရေး-သံဖြူဇရပ်ကားလမ်း ၌ ယာဉ်တိုက်မှုကြောင့် (၃) ဦးသေ၊ (၁၂)ဦး ဒဏ်ရာရ

ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ-- မြန်မာနိုင်ငံရဲတပ်ဖွဲ့)

ရန်ကုန်၊ မတ် ၁၆ ရက် (ဆင်ဟွာ)

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝယ်ဝင်္ကရာကျေးရွာအနီး ရေး-သံဖြူဇရပ်ကားလမ်း မိုင်တိုင်အမှတ်(၄၅/၅-၆)ကြား၌ အရှိန်မထိန်းနိုင်သည့်ယာဉ်က တစ်ဖက်ယာဉ်ကြောမှ ယာဉ်အား တိုက်မိသဖြင့် (၃) ဦးသေ၊ (၁၂)ဦး ဒဏ်ရာရ ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် ရေး-သံဖြူဇရပ်ကားလမ်း မိုင်တိုင်အမှတ်(၄၅/၅-၆)ကြား၌ လမိုင်းမြို့မှ ကျိုက်မရောမြို့ရှိ ရှင်ပြုအလှူသို့ ထွက်ခွာလာသော လမိုင်းမြို့၊ (၂)ရပ်ကွက်နေ ဦးဟဒိ(၅၀)နှစ် မောင်းနှင်လာသည့် 1N/×××× Nissan Pickup ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက် ယာဉ်ကြောသို့ ရောက်ရှိ၍ သံဖြူဇရပ်မြို့၊ အောင်ဇေယျရပ်ကွက်နေ ဦးသိန်းဝင်း(ခ)အဘိုင်(၅၄)နှစ် မောင်းနှင်လာသည့် ၉ဌ/×××× ထော်လာဂျီယာဉ်အား ဝင်ရောက်တိုက်မိ တိမ်းမှောက်ခဲ့သဖြင့် Nissan Pickup ယာဉ်မှ ယာဉ်မောင်း ဦးဟဒိ ပါ(၃)ဦးတို့တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး လမိုင်းမြို့၊ (၃)ရပ်ကွက်နေ ဦးမောင်ရှိ(၄၆)နှစ်ပါ(၉)ဦးနှင့် ထော်လာဂျီ ယာဉ်မောင်း ဦးသိန်းဝင်း(ခ)အဘိုင် ပါ(၃)ဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် ဦးဟဒိ အား သံဖြူဇရပ်မြို့မရဲစခန်းယာဉ်(ပ)၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/ ၂၇၉ ဖြင့် အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.