Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ၌ ရေကြီးရေလျှံမှုကြောင့် လူ ၄၇ ဦးသေဆုံးကာ ရေဘေးသင့်ပြည်သူ နှစ်သိန်းကျော်ထိရှိ

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရေးဘေးသင့် ဒေသတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ အတွင်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၂ ခုတွင် ရေကြီး ရေလျှံမှုကြောင့် လူသေဆုံးမှု ၄၇ ဦးထိရှိပြီး ရေဘေးသင့်ပြည်သူ နှစ်သိန်း တစ်သောင်းကျော်ထိ ရှိလာကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ယနေ့ ပြောကြားသည်။

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ထုတ်ပြန်သည့် စာရင်းဇယားများ အရ သြဂုတ်လ ၁ ရက်နေ့ထိ ရေဘေးကြောင့် သေဆုံးသူ ၂၇ ယောက် ရှိပြီး အဆိုပါ ၂၇ ယောက် စာရင်းထဲတွင် ရခိုင်ပြည်နယ် ရေဘေး အတွင်း သေဆုံးသူများ မပါဝင်ကြောင်း ရခိုင် ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

ရခိုင်ပြည်နယ်တွင် ဇူလိုင်လ မှ သြဂုတ်လ ၂ ရက်နေ့အထိ ရေကြီး ရေလျှံမှုကြောင့် လူ ၁၈ ယောက် သေဆုံးခဲ့ကြောင်း ရခိုင်တွင် ရေဘေးသင့်သူ ၈,၆၈၃ ယောက်ရှိနေသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း ကယ်ဆယ်ရေးစခန်း ၁၃၀ ဖွင့်ထားပြီး အိမ်ထောင်စုပေါင်း ၆,၀၀၀ ကျော် ခိုလှုံ နေထိုင်လျှက် ရှိသည်။

မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၂ ခုတွင် ရေကြီးရေလျှံမှုကြောင့် လယ် ဧက ၈၅၀,၆၀၀ ကျော်ထိ ရေကြီး နစ်မြုပ်နေကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက သြဂုတ် ၂ က ထုတ်ပြန်ထား သည်။အဆိုပါ ရေနစ်မြုပ် ဧက ရှစ်သိန်းကျော်တွင် ပျက်စီးဧက ၄၄၀,၀၀၀ ကျော်၊ ရေပြန်ပေါ် ဧက ၁၅၀,၀၀၀ ကျော်နှင့် ထိခိုက် ဧက ၁၅၀,၀၀၀ ကျော်ရှိနေကြောင်း ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်သည် ရေမြုပ်ဧကနှင့် ပျက်စီးဧက ၂ သိန်း ၆ သောင်းကျော်ရှိပြီး ရေကြီးပျက်စီးမှုတွင် အများဆုံးဖြစ်ကာ ပဲခူးတိုင်းဒေသကြီးသည် ဒုတိယအများဆုံး ပျက်စီးခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117