Connect with us

Environment, Disasters & Accidents

နေပြည်တော်ကောင်စီနယ်မြေအတွင်း တပ်မတော်ရဟတ်ယာဉ်တစ်စီး စက်ချို့ယွင်းကာ ပျက်ကျမှုကြောင့် ၂ဦး သေဆုံး

(၇၈)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် တပ်မတော်(လေ)မှ ရဟတ်ယာဉ်များ အလှပြပျံသန်းမှုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်၊ လယ်ဒါကြီးကျေးရွာ၏ အနောက်တောင်ဘက် ၅မိုင်အကွာတွင် တပ်မတော်(လေ)မှ လေကျင့်ရေးရဟတ်ယာဉ်တစ်စီးသည် ယနေ့(ဇွန် ၁၅ ရက်) နံနက်ပိုင်းတွင် စက်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ပြီး မြေပြင်သို့ ပျက်ကျမှုကြောင့် လေယာဉ်ပေါ်ပါ ၂ဦး သေဆုံးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့မှ ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ လေယာဉ်ပေါ်တွင် ရဟတ်ယာဉ်မှူးတစ်ဦးနှင့် သင်တန်းသားတစ်ဦးလိုက်ပါ၍ နေပြည်တော်မှ မိတ္တီလာသို့ လေ့ကျင့် ပျံသန်းလျက်ရှိစဉ် ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကြောင့် ရဟတ်ယာဉ်မှူးတစ်ဦးနှင့် သင်တန်းသားတစ်ဦး သေဆုံးကာ လေယာဉ်ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း၊ ၎င်းတို့ ရုပ်အလောင်းများအား နီးစပ်ရာ တပ်မတော် စစ်ဆေးရုံ့သို့ ပို့ဆောင်ခဲ့ပြီး လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117