Connect with us

Environment, Disasters & Accidents

ငါးသယံဇာတ ထိန်းသိမ်းရေးအတွက် နှစ်လက်မ အရွယ်ရှိ ငါးသားပေါက်ကောင်ရေ သန်း ၁၀၀ ကျော်အား သဘာဝရေပြင်အတွင်း အခမဲ့မျိုးစိုက်ထည့်သွားမည်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာ မြို့နယ်၌ ဂရန်အင်းများအတွင်းသို့ ငါးသားပေါက်ကောင်ရေ စိုက်ထည့်ပွဲအခမ်းအနားကျင်းပနေမှုကို ၂၀၂၀ပြည့်နှစ်၊ ဇွန် ၁၀ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ငါးသားပေါက်ကောင်ရေ ၁၀၁.၅ သန်းကို ငါးသယံဇာတထိန်းသိမ်းရန် သဘာဝရေပြင်အတွင်း အခမဲ့မျိုးစိုက်ထည့်သွားမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာအောင်နိုင်ဦးက ဆင်ဟွာသို့ ဇွန် ၉ ရက်တွင် ဆင်ဟွာသို့ပြောသည်။

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရေလဲကျေးရွာ တွင် ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အင်းတော်လဟာကြီးအင်းအတွင်း ငါးသောက်ပေါက်များစိုက်ထည့်နေမှုကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၂၇ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

၎င်းက “ငါးသားပေါက်တွေကို မျိုးစိုက်ထည့်ခြင်းအားဖြင့် သဘာဝ အရင်းအမြစ်ပေါများလာမယ်။ ငါးသားပေါက်အရင်းအမြစ်ပေါလာမယ်။အလုပ်အကိုင်နဲ့ ငါးရှာဖွေစားသောက်ရတာအဆင်ပြေမယ်။ ဒါကြောင့် သဘာဝရေပြင်တွေဖြစ်တဲ့ မြစ်တွေ၊ ချောင်းတွေထဲကို ငါးသားပေါက်တွေကို အဓိကထည့်ပေးပါတယ်။ အရင်က ၁ လက်မ အရွယ်မျိုးစိုက်ထည့် တော့ ရှင်သန်ဖို့ ခက်ခဲတာတွေ ရှိတော့ ရှင်သန်ဖို့လည်း ကောင်းတဲ့ ၂ လက်မ အရွယ် ငါးသားပေါက်တွေကို မျိုးစိုက်ထည့်ခိုင်းတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ငါးလုပ်ငန်းစခန်းတွေကနေ ငါးသားပေါက်တွေကို ထုတ်လုပ်ပြီး ၂ လက်မအရွယ် သားပေါက်တွေကို မျိုးစိုက်ထည့်ခဲ့ပါတယ်။ အဲဒီလိုလုပ်တဲ့အတွက် သားငါးပေါများလာပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ငါးသားပေါက်ကောင်ရေ ၁၀၆ သန်းကျော်ကိုသဘာဝရေပြင်အတွင်း အခမဲ့မျိုးစိုက်ထည့်ပေးနိုင်ခဲ့ကြောင်း ဒေါက်တာအောင်နိုင်ဦး၏ ပြောကြားချက်အရ သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.