Connect with us

Politics, Law & Military

ကမ္ဘာ့ပတ်ဝန်းကျင်နေ့အခမ်းအနားတွင် သမ္မတ ဦးဝင်းမြင့် မိန့်ခွန်းပြောကြား

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် အဖွင့် မိန့် ခွန်းပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၅ ရက် (ဆင်ဟွာ)

မိမိတို့ ဒေသ၊ မြို့ရွာနှင့် လျော်ညီသော စွန့်ပစ်ပစ္စည်းဆိုင်ရာ အစီအမံများ ရေးဆွဲပြီး အကောင် အထည် ဖော်ကြရန် သမ္မတက နေပြည်တော် သင်္ဂဟ ဟိုတယ်တွင် ယနေ့ နံနက် ကျင်းပခဲ့ သည့် ၂၀၁၈ခုနှစ် ၊ ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား အဖွင့် မိန့်ခွန်းတွင် နိုင်ငံတော် သမ္မတက ထည့်သွင်း ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံမှာ စိမ်းလန်းသန့်ရှင်းပြီး ကောင်းမွန် မျှတတဲ့ ပတ်ဝန်းကျင် ဖြစ်လာအောင် အမျိုးသား အဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု မဟာဗျူဟာနဲ့ လုပ်ငန်း အစီအစဉ် (၂၀၁၇ – ၃၀) ကို ရေးဆွဲ ထားပြီး ဖြစ်ပါတယ်၊ ဒီမဟာဗျူဟာအပေါ် အခြေခံပြီး မန္တလေးမြို့တော်ကို အနာဂတ် မျိုးဆက်များ အတွက် စိမ်းလန်းစိုပြည်ပြီး သန့်ရှင်းလှပတဲ့ မြို့တော် ဖြစ်ရေး ရေရှည်မျှော်မှန်းပြီး မန္တလေးမြို့တော် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု မဟာဗျူဟာနဲ့ လုပ်ငန်း အစီအစဉ် (၂၀၁၇ – ၃၀) ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ လမှာ ရေးဆွဲ ထုတ်ပြန်နိုင်ခဲ့ပြီး စတင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်သလို အခြား မြို့ကြီး မြို့နယ်တွေမှာလည်းပဲ မိမိတို့ ဒေသ၊ မြို့ရွာနဲ့ လျော်ညီအောင် ရေးဆွဲ အကောင် အထည် ဖော်ကြဖို့ တိုက်တွန်းလိုပါတယ်” ဟု သမ္မတကပြောကြားခဲ့သည်။

ကုလ အထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအား ဌာနေကိုယ်စားလှယ် Ms. Janet Jackson ဖတ်ကြားစဉ် (ဆင်ဟွာ)

ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ပိုစတာပြိုင်ပွဲ ဆုရသူများအား သမ္မတက ဆုချီးမြှင့်စဉ် (ဆင်ဟွာ)

ကာတွန်းပြိုင်ပွဲ ဆုရရှိသူများအား သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆုချီးမြှင့်စဉ် (ဆင်ဟွာ)

အမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ် (ဆင်ဟွာ)

နိုင်ငံတော် သမ္မတက ပြခန်းများအား လှည့်လည် ကြည့်ရှုစဉ် (ဆင်ဟွာ)

အမျိုးသား အဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု မဟာဗျူဟာနှင့် လုပ်ငန်း အစီအစဉ် (၂၀၁၇ – ၃၀)အရ ထိရောက်သည့် စွန့်ပစ်ပစ္စည်း သိမ်းဆည်းခြင်း ဝန်ဆောင်မှု လုပ်ငန်း တိုးမြှင့် ဆောင်ရွက်ရန်၊ ဘေး အန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများနှင့် စက်မှု လုပ်ငန်းများမှ ထွက်ရှိလာသော စွန့်ပစ် ပစ္စည်းများအတွက် ပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်စေသော စီမံခန့်ခွဲမှု စနစ်ကို တိုးမြှင့်ဆောင်ရွက်ရန်၊ 3 R actions ဟု ခေါ်သော ထွက်ရှိမှု လျှော့ချခြင်း (Reduce)၊ ပြန်လည် သုံးစွဲခြင်း (Reuse) ၊ ပြန်လည် ပြုပြင် သုံးစွဲ ခြင်း (Recycle) နည်းစဉ်များဖြင့် ဆောင်ရွက်ရန်၊ စွန့်ပစ် ပစ္စည်းများ စီမံခန့်ခွဲမှု အတွက် အစဉ် လည်ပတ် နေမည့် ရန်ပုံငွေ ထားရှိရန်၊ စွမ်းဆောင်ရည်နှင့် အသိပညာ မြှင့်တင်ရန်၊ လေ့ကျင့် သင်ကြားပေးရန်၊ သတ်မှတ်ချက်များနှင့် အညီ စောင့်ကြည့် ကြပ်မတ် လိုက်နာ ဆောင်ရွက်စေရန် စသည့် ပန်းတိုင်များ ရရှိအောင် အမျိုးသားအဆင့်၊ မြို့တော်အဆင့်၊ မြို့နယ်အဆင့် တို့တွင် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်းလည်း နိုင်ငံတော် သမ္မတက ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံတော် သမ္မတက “ကောင်းမွန်တဲ့ သဘာ၀ ပတ်ဝန်းကျင်ဆိုတာ ကျွန်တော်တို့ရဲ့ ဘိုးဘေး ဘီဘင်တွေက လက်ဆင့်ကမ်းပေးလိုက်တဲ့ အမွေအနှစ်ဖြစ်ပြီး ကျွန်တော်တို့ကလည်း အနာဂတ် မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းပေးရမယ့် အမွေအနှစ် ဖြစ်ပါတယ်၊ ဒါကြောင့် နိုင်ငံ့ လူဦးရေ တိုးတက်လာတာနဲ့ အမျှ နိုင်ငံသူ နိုင်ငံသားတွေရဲ့ လိုအပ်ချက်တွေကို ရေရှည် စဉ်ဆက် မပြတ် ဖြည့်ဆည်း ဆောင်ရွက်နိုင်ဖို့ အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအမံများကို ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ပေါင်းစပ် ဆောင်ရွက်ကြဖို့ ပြောလိုပါတယ်” ဟု ပြောခဲ့သည်။

“ပလတ်စတစ် ညစ်ညမ်းမှုကို တိုက်ဖျက်ကြစို့၊ Beat Plastic Pollution” ဟူသည့် ဆောင်ပုဒ်ဖြင့် ကျင်းပသော အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားအဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ ဝင်များနှင့် လုပ်ငန်း ကော်မတီဝင်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းမျးမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း ပြည်ပ NGO များမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး နိုင်ငံတော် သမ္မတက အဖွင့် မိန့်ခွန်း ပြောကြားအပြီးတွင် ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်၏ သဝဏ် လွှာကို ဌာနေကိုယ်စားလှယ် Ms. Janet Jasckon က ဖတ်ကြားခြင်း၊ ဗီဒီယို ပြသခြင်း၊ ကုလသမဂ္ဂ ပတ်ဝန်းကျင် အစီအစဉ် အမှုဆောင်ညွှန်ကြားရေးမှူး၏ သဝဏ်လွှာအား ဗီဒီယိုဖြင့် ပြသခြင်း၊ ၂၀၁၈ ခုနှစ် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ပိုစတာ ပြိုင်ပွဲနှင့် ကာတွန်း ပြိုင်ပွဲ ဆုရရှိသူများအား နိုင်ငံတော် သမ္မတကလည်းကောင်း၊ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးကလည်းကောင်း ဆုများ အသီးသီး ချီးမြှင့်ခြင်း၊ ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်း သိမ်းရေးနေ့ အထိမ်းအမှတ် ပညာပေး ဗီဒီယို ပြသခြင်း၊ အမှတ်တရ ဓာတ်ပုံ ရိုက်ကူးခြင်း၊ ပြခန်းများ အား လှည့်လည်ကြည့်ရှုခြင်းတို့ကို ဆက်လက် ဆောင်ရွက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.