Connect with us

Politics, Law & Military

တပ်မတော်အနေဖြင့် ဦးကိုနီ သေဆုံးမှုအတွက် ပြစ်မှုကျူးလွန်သူများအား အမြန်ဖမ်းဆီးနိုင်ရေးအတွက် လုံခြုံရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥပဒေအကြံပေး ဦးကိုနီလုပ်ကြံခံရမူကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓါတ်ပုံ -တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

တပ်မတော်အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုအပေါ် ဖြစ်စဉ်မှန်ပေါ်ပေါက်ရေး၊ ပြစ်မှုကျူးလွန်သူများအား အမြန်ဖမ်းဆီးရမိရေး အတွက် လုံခြုံရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ယနေ့သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဥပဒေအကြံပေးတစ်ဦး ဆုံးရှုံးရခြင်း အတွက် ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းရပြီး ယင်းဖြစ်စဉ်သည် လုံခြုံရေးနှင့်ပတ်သက်၍ များစွာ ထိခိုက်စေခြင်းကြောင့် တပ်မတော်အနေဖြင့် လုံခြုံရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။တရားလွှတ်တော် ရှေ့နေ ဦးကိုနီသည် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ညနေ ၅ နာရီခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 ရှေ့၌ ဦးကြည်လင်း ဆိုသူမှ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117