Connect with us

Politics, Law & Military

တရုတ် နိုင်ငံဘက်သို့ ဗုံးကျရောက်သည့် ဖြစ်ရပ်ကို မြန်မာ့ ကာကွယ်ရေး အကြီးအကဲမှ ပိုမိုစုံစမ်း စစ်ဆေးမည်ဟု ထပ်လောင်း အတည်ပြု ပြောကြား

( ၆၇) ကြိမ်မြောက် လွပ်လပ်ရေးနေ့ ဗိုလ်ရှုခံ အခမ်းအနားတွင် မြန်မာ့ လေတပ်မတော် မှ ဂုဏ်ပြု ပျံသန်းစဉ်(ဆင်ဟွာ)

မလေးရှား ၊ မတ် ၁၆ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ နယ်စပ်တွင် တရုတ်နိုင်ငံဘက်သို့ ဗုံးကျရောက်သည့် အတွက် တရုတ်နိုင်ငံသား (၅) ဦး သေဆုံးပြီး (၈) ဦး ဒဏ်ရာရရှိ ခဲ့သည့် ဖြစ်ရပ်ကို မြန်မာနိုင်ငံဘက်မှ စုံစမ်းစစ်ဆေး မှုများ ပိုမိုလုပ်ဆောင် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဝေလွင်က မတ်လ (၁၆) ရက်က ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံတွင် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေး တက်ရောက် နေသော ဗိုလ်ချုပ်ကြီး ဝေလွင်က မြန်မာ အစိုးရမှ ဗုံးကြောင့် ဒုက္ခရောက်သည့် ပြည်သူများအတွက် အထူးဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးရေး အထူးကော်မရှင်ဖွဲ့ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည် ဖြစ်ကြောင်း ဝန်ကြီးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ မြန်မာ နဲ့ တရုတ်က လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့ပြီး တစ်ဖက် နဲ့ တစ်ဖက် မူဝါဒတွေ လိုက်နာပြီး ငြိမ်းချမ်းစွာ နေထိုင်ခဲ့ကြတာဖြစ်လို့ ဒီနယ်စပ် ကိစ္စကို သံတမန် ရေးအရ ဖြေရှင်း နိုင်မယ်လို့ မျှော်လင့်ကြောင်း” ၎င်းက ပြောကြားသည်။

တရုတ်နိုင်ငံ၏ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဌ Fan Changlong က ယခုကဲ့သို့ နောက်တစ်ကြိမ် မဖြစ်ပွားရန်နှင့် ဖြစ်ပွားပါက တရုတ်နိုင်ငံ တပ်မတော်အနေဖြင့် ပြည်သူများ လုံခြုံရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတိပေး ပြောကြားခဲ့သည်။

မြန်မာ့ တပ်မတော် လေယာဉ်များသည် တရုတ်ပိုင်နက်ဘက်သို့ ရောက်ရှိလာခြင်းကို စောင့်ကြည့်ရန်အတွက် တရုတ် လေတပ်မတော် တိုက်ခိုက်ရေး ဂျက်လေယာဉ်များကို တရုတ်- မြန်မာ နယ်စပ် တွင် လေယာဉ်လမ်းကြောင်း စောင့်ကြည့် သတိပေးခြင်းများ ပြုလုပ်ရန် စေလွှတ်ထားခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ နယ်နိမိတ် တစ်လျှောက် ကီလိုမီတာပေါင်း ၂,၀၀၀ ကျော် ဆက်စပ်လျက်ရှိပြီး နှစ်နိုင်ငံ ဆက်ဆံရေးကို ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှု မိတ်ဖက်နိုင်ငံ အဖြစ် တိုးမြှင့်ထားသည်။ (Xinhua)