Connect with us

Politics, Law & Military

နိုင်ငံ့ဝန်ထမ်း ၁,၀၇၇,၄၉၃ ဦး အတွက် ကျပ် ၅၅၅ ဘီလီယံခန့် အတိုးမဲ့ ထုတ်ချေးမည်ဟုဆို

သမ္မတအိမ်တော် ပုံမှန်သတင်းစာရှင်းပွဲတစ်ခုတွင် ဦးဇော်ဌေးအား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

နိုင်ငံ့ဝန်ထမ်း စုစုပေါင်း ၁,၀၇၇,၄၉၃ ဦး အတွက် နိုင်ငံတော်က ငွေကျပ် ၅၅၅ ဘီလီယံခန့်ကို အတိုးမဲ့ ထုတ်ချေးပေးမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ယနေ့ ညနေပိုင်းတွင် အတည်ပြု ပြောကြားခဲ့သည်။

“တစ်နိုင်ငံလုံး အမြဲတမ်း ဝန်ထမ်း စုစုပေါင်း ၁,၀၇၇,၄၉၃ တို့အတွက် ကျပ် ၅၅၄ ဒသမ ၉၇၃ ဘီလီယံကို ဆိုင်းငံ့ကာလ ခြောက်လ၊ ပြန်ဆပ်ကာလ တစ်နှစ် သတ်မှတ်ပြီး  အောက်တိုဘာ (၁) ရက်နေ့ မှာ ထုတ်ချေးမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အမြဲတမ်း ဝန်ထမ်းများအနက် မည်သူ့အား ချေးမည်၊မည်သူ့အား မချေး ဆိုသည်ကိုမူ အဆိုပါ ထုတ်ချေးပေးမည့် နေ့ရောက်မှသာ သိနိုင်မည်ဟုလည်း ၎င်းက ဖြေကြားခဲ့သည်။ နိုင်ငံ့ဝန်ထမ်း များအား လာမည့် အောက်တိုဘာ ၁ ရက် မှ စတင်ကာ နှစ်လစာ အတိုးမဲ့ ထုတ်ချေး မည့် အစီအစဉ်နှင့် ပတ်သက်ပြီးမေးမြန်းမှုအပေါ် အိမ်တော် သတင်းထောက်များ စာမျက်နှာမှ တစ်ဆင့် ၎င်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117