Connect with us

Politics, Law & Military

ပုဂံရှေးဟောင်းသုတေသန ပြတိုက်သို့ တစ်နှစ်အတွင်း ပြည်တွင်းပြည်ပ ခရီးသွား ၂၉၀,၀၀၀ကျော် ဝင်ရောက်

ပုဂံရှေးဟောင်းသုတေသန ပြတိုက်အား တွေ့ရစဉ်(MOI)

ရန်ကုန်၊ အောက်တိုဘာ ၉ ရက်(ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံရှေးဟောင်း သုတေသနပြတိုက်သို့ ၂၀၁၈ – ၂၀၁၉ ခုနှစ် တစ်နှစ်အတွင်း ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် ၂၉၅,၂၈၄ ဦး ဝင်ရောက်ခဲ့ကြောင်း ပြည်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ပုဂံရှေးဟောင်း သုတေသနပြတိုက်သည် ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းကန်တော့ ပလ္လင်ဘုရား တောင်ဘက်တွင်တည်ရှိပြီး တနင်္လာနေ့နှင့် ပြန်တမ်းဝင် ရုံးပိတ်ရက်များမှအပ ကျန်ရက်များတွင် နံနက် ၉ နာရီခွဲမှညနေ ၄ နာရီခွဲအချိန်ထိ ပုံမှန်ဖွင့်လှစ် ပေးထားကြောင်း သိရသည်။

ပြတိုက်ဝင် ကြေးပြည်ပဧည့်သည် တစ်ဦးလျှင် ကျပ် ၅,၀၀၀ ကောက်ခံပြီး ပြည်တွင်းဘုရားဖူး ခရီးသွားလေ့လာရေး တစ်ဦးလျှင် လူကြီး ၅၀၀ ကျပ် ကောက်ခံကာ ကျောင်းသား ကျောင်းသူ၊ ကလေး၊ ရဟန်းသံဃာ များအား အခမဲ့ဝင်ရောက်လေ့လာခွင့်ပြုကြောင်း သိရသည်။

ပြတိုက်ကြီးသည် ကန်တော့ပလ္လင်ဘုရား၏ တောင်ဘက်ရှစ် မြှောင့်ပုံပြတိုက်ဟောင်း၏ အနီးတွင်တည်ရှိပြီး (၁၀)ဒသမ (၉၇)ဧက ကျယ်ဝန်းသော မြေဧရိယာဝင်း အတွင်းတည်ဆောက်ထားကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117