Connect with us

Politics, Law & Military

ပြည်ခိုင်ဖြိုး ပါတီ၏ ဗဟိုအတိုင်ပင်ခံ တစ်ဦးဖြစ်သည့် ဦးအောင်သောင်း ကွယ်လွန်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ပထမအကြိမ် ပါတီညီလာခံတွင် ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင်၂၃ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ဗဟိုအတိုင်ပင်ခံ ၊ တောင်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းသည် ဇူလိုင်လ ၂၃ ရက် မြန်မာစံတော်ချိန် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က စင်ကာပူနိုင်ငံ၌ ကွယ်လွန်ခဲ့၍ ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် ဝမ်းနည်းကြောင်း အဆိုတင်သွင်း ခဲ့သည်။

၎င်းဝမ်းနည်းကြောင်း အဆိုကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက တင်သွင်းခဲ့ခြင်း ဖြစ်ပြီး၊ ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ် ဦးဝင်းမြင့်က ထောက်ခံခဲ့ပြီး၊ ပြည်ထောင်စု လွှတ်တော်က ဝမ်းနည်းကြောင်း အဆိုအား အတည်ပြုခဲ့သည်။ဦးအောင်သောင်း ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း ၂ မိနစ် ငြိမ်သက်ကာ မေတ္တာပို့ ဆုတောင်းခြင်း ပြုလုပ်ခဲ့ ကြသည်။

ဦးအောင်သောင်းသည် ၁၉၄၀ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် မွေးဖွားခဲ့ခြင်း ဖြစ်ပြီး၊ ကွယ်လွန်ချိန်တွင် အသက် ၇၅ နှစ်ရှိပြီ ဖြစ်သည်။

တောင်သာမြို့နယ် အမတ် ဦးအောင်သောင်းသည် ဇူလိုင်လ ၈ ရက်နေ့ည ၁၁း၃၀ နာရီတွင် ဦးနှောက် သွေးကြော ပေါက်သဖြင့် နေပြည်တော် ခုတင် တစ်ထောင် ဆေးရုံသို့တင်ပို့ခဲ့ရပြီး အခြေအနေ စိုးရိမ်ရသဖြင့် စင်ကာပူ နိုင်ငံတွင် ဆေးကုသရန် ဇူလိုင်လ ၉ ရက်နေ့တွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စင်ကာပူ နိုင်ငံသို့ ပို့ဆောင် ကုသမှု ခံယူခဲ့ပြီး ၁၅ ရက်အကြာ မောင့် အယ်လီဇဘတ် ဆေးရုံတွင် ကွယ်လွန် ခဲ့ခြင်း ဖြစ်သည်။

၁၉၆၂ ခုနှစ်တွင် မန္တလေး တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရရှိခဲ့ပြီး အထက်တန်းပြ ဆရာအဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်။ ၁၉၆၄ ခုနှစ်၌ မှော်ဘီ ဗိုလ်သင်တန်း အပတ်စဉ် (၃၁) သို့ တက်ရောက်ခဲ့ပြီး တပ်မတော်၌ စတင်တာ ဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၉၁ ခုနှစ်တွင် မကွေးတိုင်း တဝတ ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါသည်။

၁၉၉၃ ခုနှစ်မှစ၍ ကုန်သွယ်ရေး ဝန်ကြီး ဌာန၏ ဒုတိယဝန်ကြီး အဖြစ်လည်းကောင်း၊ ထို့နောက် ဗိုလ်မှူးကြီး အဆင့်ဖြင့် အငြိမ်းစားယူခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန ဝန်ကြီး တာဝန်များ ရယူခဲ့သည်။

ထို့နောက် ၁၉၉၇ ခုနှစ်၌ နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသို့ ပြောင်းလဲ ပြီးချိန်တွင် ဦးအောင်သောင်းသည် စက်မှု (၁) ဝန်ကြီးဌာန ဝန်ကြီး ဖြစ်လာခဲ့ပြီး အဆိုပါတာဝန်ကို ၂၀၁၀ အထိ တာဝန်ယူ ခဲ့သည်။
ဦးအောင်သောင်းတွင် သားသမီး လေးဦးရှိပြီး ဗိုလ်မှူးချုပ ်မိုးအောင်၊ ဦးနေအောင်၊ ဦး ပြည်အောင် (ဒုတိယဗိုလ်မှူးကြီးငြိမ်း) နှင့် ဒေါ်ခင်ငုရည်ဖြိုးတို့ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.