Connect with us

Politics, Law & Military

မင်းဘူးမြို့နယ်တွင် အစိုးရ စက်မှုလက်မှုသိပ္ပံသင်တန်းကျောင်း တစ်ကျောင်း ဖွင့်လှစ်ရန် လျာထား

ပြည်သူ့ လွှတ်တော် အစည်းအဝေးခန်းမ အတွင်းသို့ ပြည်သူ့ လွှတ်တော် ဥက္ကဌ ကြွရောက်လာစဉ်။ (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

ပညာရေး ဝန်ကြီးဌာန၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနအနေဖြင့် မကွေးတိုင်းဒေသကြီး၊ မင်းဘူး မြို့နယ်အတွင်း၌ အစိုးရ စက်မှုလက်မှုသိပ္ပံသင်တန်းကျောင်း (GTI) တစ်ကျောင်း ဖွင့်လှစ် နိုင်ရေး လျာထား ဆောင်ရွက်လျက် ရှိသည်ဟု ပညာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းမော် ထွန်းက ပြည်သူ့လွှတ်တော် ယနေ့ အစည်းအဝေးတွင် ဖြေကြားခဲ့သည်။

“နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် ကျောင်းသစ်များဖွင့်လှစ်ရာတွင် ပထမ ဦးစွာ ခရိုင်မြို့ကြီးများတွင် ဦးစားပေး စတင်ဆောင်ရွက်သွားရန် မူဝါဒ ချမှတ် ဆောင်ရွက်လျက် ရှိပါသဖြင့် ခရိုင်မြို့ကြီးဖြစ်သော မင်းဘူးမြို့နယ်တွင် အစိုးရ စက်မှုလက်မှုသိပ္ပံသင်တန်းကျောင်း တစ်ကျောင်း ဖွင့်လှစ်ရန် လျာထားပြီးဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

မင်းဘူး မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဝင်း၏ GTI ကျောင်း ဖွင့်လှစ်ရေးနှင့် စပ်လျဉ်းသည့် မေးခွန်းအား ဖြေကြားရာတွင် ဒုတိယ ဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်ပြီး ပညာရေး ဝန်ကြီးဌာန၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန အနေဖြင့် မကွေးတိုင်းဒေသကြီးတွင် အစိုးရ စက်မှုလက်မှုသိပ္ပံ (မကွေး၊ ရေနံချောင်း၊ ချောက်၊ သရက်၊ ဂန့်ဂေါ) တို့တွင် A.G.T.I. ဒီပလိုမာ သုံးနှစ် သင်တန်းများနှင့်  ဒေသလိုအပ်ချက်နှင့် ကိုက်ညီသော ကာလတို သက်မွေးပညာ သင်တန်းများကို လည်းကောင်း၊ အစိုးရ နည်းပညာအထက်တန်းကျောင်း (မကွေး၊ ပခုက္ကူ)တို့တွင်  G.T.H.S. နှစ်နှစ် သင်တန်းများနှင့် ဒေသလိုအပ်ချက်နှင့် ကိုက်ညီသော ကာလတို သက်မွေးပညာ သင်တန်းများကို လည်းကောင်း အသီးသီး ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊  မင်းဘူးမြို့နယ်အတွင်း GTI ကျောင်း တစ်ကျောင်း ဖွင့်လှစ်နိုင်ရန် မင်းဘူးမြို့နယ်၊ ကျောက်တန်း ကျေးရွာအုပ်စုတွင် မြေဧရိယာ ၁၅ ဒသမ ၀၉ ဧကအား  မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင် ခွင့် အသုံးပြုခွင့်ရရှိရန်အတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီထံသို့ လျှောက်ထားတင်ပြ ဆောင်ရွက်လျက် ရှိပါကြောင်း၊ အစိုးရ စက်မှု လက်မှုသိပ္ပံ (မင်းဘူး)၏ ကျောင်း မြေ နေရာအဖြစ် ရရှိပြီးပါက သက်ဆိုင် ရာ ဘဏ္ဍာရေး နှစ်အလိုက် ဘတ်ဂျက် လျာထားတင်ပြ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။(Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117