Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီး၊ စည်ပင်သာယာရေးနယ်နိမိတ်အတွင်း မြေစီမံခန့်ခွဲမှုဆိုင်ရာ လျှောက်ထားမှုများကို အွန်လိုင်းစနစ်ဖြင့် တိုးချဲ့ ဆောင်ရွက်လျက်ရှိ

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးအားတွေ့ရစဉ် (ဓာတ်ပုံ-- YRG)

ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းမှာရှိ မြို့နယ်(၃၃)မြို့နယ်အနက် မြို့နယ်အများ စုတွင် မြေစီမံခန့်ခွဲမှုဆိုင်ရာ လျှောက်ထားမှုတွေကို အွန်လိုင်းစနစ်ဖြင့် တိုးချဲ့ ဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး၌ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်၏ ပြည်သူတို့ အခွန်ဆောင်ရန် ကိစ္စများ၊ မြေယာကိစ္စများ၊ ဆောက်လုပ်ရေး ပါမစ်ကိစ္စများကို မြို့နယ်ရုံး၊ ခရိုင်ရုံးများတွင် ပြည်သူများ၏ လုပ်ငန်းဆောင်ရွက်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများကို နေ့ချင်ပြီး (သို့မဟုတ်) ရက်ပိုင်းအတွင်း ပြီးပြတ်အောင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊မရှိကို သိရှိလိုပါကြောင်း မေးမြန်းရာ ရန်ကုန်မြို့တော်ဝန်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ အများပြည်သူအနေနဲ့ မိမိလျှောက်ထားလိုတဲ့ စီမံခန့်ခွဲမှုဆိုင်ရာ လျှောက်ထားမှု အမျိုးအစားအလိုက် အချက်အလက်တွေနဲ့ အညီ မြေစီမံခန့်ခွဲမှုဆိုင်ရာ လျှောက်ထားမှု လုပ်ငန်းစဉ်တွေကို ရန်ကုန်မြို့တော် စည်ပင်သာရေးကော်မတီ၊ မြို့တော်ခန်းမရဲ့ မြေညီထပ်ခန်းမမှာ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့ရဲ့ သတ်မှတ်ရုံးချိန် အတွင်းမှာ တနေရာထဲမှာပဲ One Stop Service အနေနဲ့ ဆောင်ရွက်ပေးခြင်းအားဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်က စပြီးတော့ အခုအချိန်အထိလည်း ဆောင်ရွက်ပေးနေပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းမှာရှိတဲ့ မြို့နယ်(၃၃)မြို့နယ်အနက်မှာ အောက်ဖော်ပြပါ (၁၈)မြို့နယ်ကို ၂-၁-၂၀၁၅ရက်နေ့က စပြီး Online System နဲ့ မိမိနေအိမ်မှလည်းကောင်း၊ သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာရေး အုပ်ချုုပ်ရေးမှူးမှလည်းကောင်း၊ မြေစီမံခန့်ခွဲမှုဆိုင်ရာ လျှောက်ထားမှုတွေကို ဆောင်ရွက်ပေးနေပါတယ်”ဟု ရန်ကုန်မြို့တော်ဝန်က ပြောသည်။

အဆိုပါ မြို့နယ်များမှာ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ ဒဂုံမြို့သစ်၊ ကြည့်မြင်တိုင်မြို့နယ်၊ သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်၊ ဒလမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ တာမွေမြို့နယ်၊ ရန်ကင်းမြို့နယ်၊ အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာ မြို့နယ်နှင့် မရမ်းကုန်းမြို့နယ် ဖြစ်ကြောင်း မြို့တော်ဝန်က ပြောသည်။

ထို့အတူ ၁-၉- ၂၀၁၇ ရက်နေ့တွင် သင်္ကန်းကျွန်းမြို့နယ်၊ တောင် ဥက္ကလာပမြို့နယ်၊မြောက် ဥက္ကလာပမြို့နယ်၊ လှိုင်မြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့တွင် အွန်လိုင်းစနစ်ဖြင့် တိုးချဲ့ ဆောင်ရွက်နေကြောင်း အများပြည်သူများ၏ မြေစီမံခန့်ခွဲမှုဆိုင်ရာ အမျိုးအစားအလိုက် သတ်မှတ် လုပ်ထုံးလုပ်နည်းနှင့် အညီ လုပ်ငန်းစဉ် စိစစ်ခွင့်ပြု ဆောင်ရွက်ခြင်းတွေကိုလည်း စိစစ်ဆောင်ရွက် သတ်မှတ်မှုတွေကို စနစ်တကျ ဖြေလျော့မှုများ လုပ်လာပြီး လျှောက်ထားမှု အမျိုးအစားအလိုက် စိစစ်ဆောင်ရွက်မှု ကာလကို ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီ၏ Website တွင် အများပြည်သူ သိရှိဖို့လည်း ဖော်ပြထားပြီးဖြစ်ကြောင်း မြို့တော်ဝန်က ပြောသည်။

မြေငှားဂရမ်လျှောက်ထားခြင်း၊ မြေချ ပါမစ်နှင့် လိုင်စင်ခွင့်ပြုချက် ထုတ်ပေးထားခြင်း၊ မြေငှားဂရမ်သက်တမ်းတိုး လျှောက်ထားခြင်း၊ မြေပိုင်မှုအမည်ပေါက်၊ အမည်ပြောင်း လျှောက်ထားခြင်း၊ မြေငှားစာချုပ်ဂရမ် မိတ္တူလျှောက်ထားခြင်း၊ မြေငှားဂရမ် ခွဲစိတ်လျှောက်ထားခြင်း၊ မြေပိုင်ဆိုင်မှု မြေကွက်ခွဲပြီး လျှောက်ထားခြင်း၊ မြေတိုင်းတာခြင်းလုပ်ငန်း၊ သက်သေခံ မြေပုံကူး ရာဇဝင် လျှောက်ထားချက်များနှင့် ပတ်သက်ပြီး အများပြည်သူများ အဆင်ပြေ ချောမွေ့ရန် လျှောက်ထားမှု အမျိုးအစားအလိုက် သတ်မှတ်ထားရှိမှု အချက်အလက်များကို ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီ၏ Internet website ဖြစ်သည့် www.ycdc.gov.mm တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.