Connect with us

Politics, Law & Military

အာရှ-ဥရောပ မိတ်ဖက် ဆက်ဆံရေး ပုံစံသစ် ပူးတွဲ တည်ထောင်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

အာရှ-ဥရောပ အစည်းအဝေး (ASEM) ၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်နေသော တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (လယ်) အား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အာရှ-ဥရောပ မိတ်ဖက်ဆက်ဆံရေး ပုံစံသစ် ပူးတွဲတည်ထောင်ရန် မြန်မာနိုင်ငံ နေပြည်တော်တွင် ပြုလုပ်သော အာရှ-ဥရောပ အစည်းအဝေး (ASEM) ၏ ၁၃ ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ နိုဝင်ဘာလ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လအတွင်း တရုတ်ကွန်မြူနစ်ပါတီ (CPC) က အောင်မြင်စွာ ကျင်းပခဲ့သော ၁၉ ကြိမ်မြောက် အမျိုးသားညီလာခံတွင် ချမှတ်ခဲ့သည့် လာမည့် နှစ် ၃၀ အတွင်း တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာစီမံကိန်းအား အေဆမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ပထမဆုံးအကြိမ် မျက်နှာစုံညီ အစည်းအဝေး၌ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ခေတ်သစ် တစ်ခုအတွင်းသို့ ဝင်ရောက်လာပြီဖြစ်ကြောင်း၊ ကမ္ဘာကြီးနှင့် နီးကပ်စွာ ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အာရှနှင့် ဥရောပရှိ နိုင်ငံများအားလုံးနှင့်လည်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တောက်ပသော အနာဂတ်အတွက် ပူးတွဲ ကြိုးပမ်းကြမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ပြောကြားခဲ့သည်။

အာရှ-ဥရောပ အစည်းအဝေး (ASEM) ၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်နေသူများ အဖွဲ့လိုက် မှတ်တမ်း ဓာတ်ပုံ ရိုက်ကူးနေစဉ် (ဆင်ဟွာ)

အာရှ-ဥရောပ အစည်းအဝေး (ASEM)၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကျင်းပနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ထို့ပြင် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအား ထိန်းသိမ်းရန် အခိုင်အမာ အားထုတ်ရန် တိုက်တွန်းကြောင်း၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ထိန်းသိမ်းခြင်းသည် ဖွံ့ဖြိုးတိုးတက်မှုနှင့် ကြွယ်ဝချမ်းသာမှုအတွက် မရှိမဖြစ် ထားရှိရမည့် လိုအပ်ချက်ဖြစ်ကြောင်းနှင့် အာရှနှင့် ဥရောပရှိ နိုင်ငံများအားလုံး တာဝန် မျှဝေယူကြရမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ပြောကြားခဲ့သည်။

ထို့အတူ အပြန်အလှန် ရိုသေလေးစားမှုသည် နိုင်ငံ ကြီးသည် ငယ်သည်ဖြစ်စေ အားလုံး တူညီစွာ ထားရှိရမည် ဖြစ်ကြောင်း၊ အငြင်းပွားမှုများအား ဆွေးနွေးညှိနှိုင်းမှုဖြင့် အဖြေရှာသင့်ကြောင်းလည်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မှတ်ချက်ပြု ပြောကြားခဲ့သည်။

အာရှနှင့် ဥရောပရှိ နိုင်ငံများအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှု၏ မောင်းနှင်အားသစ် တစ်ခုအဖြစ် လက်တွဲသွားကြရန်လည်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

သည့်အပြင် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ရေရှည်တည်တံ့သော အုပ်ချုပ်ရေး ပုံစံများကို စူးစမ်းရှာဖွေရာတွင် အာရှနှင့် ဥရောပ နိုင်ငံများ အတူတကွ လုပ်ဆောင်ရန် အဆိုပြုခဲ့သည်။

နိုင်ငံအများစုသည် ဆင်းရဲမွဲတေမှု လျှော့ချခြင်း၊ လေထုညစ်ညမ်းမှု လျှော့ချခြင်း၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ခြင်းနှင့် အလုံးစုံပါဝင်သော မြှင့်တင်ခြင်း စသည့်ကဏ္ဍများတွင် အတွေ့အကြုံများ ရရှိခဲ့ပြီး ဖြစ်ကြောင်း၊ အာရှနှင့် ဥရောပရှိ နိုင်ငံများ အချင်းချင်း လေ့လာသင်ယူနေစဉ်အတွင်း မိမိတို့၏ နိုင်ငံအခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးမှုလမ်းကြောင်း နောက်သို့ လိုက်ပါဖော်ဆောင်သင့်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အာရှ-ဥရောပ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို ထောက်ခံ မြှင့်တင်သည့် နိုင်ငံအဖြစ် အမြဲရပ်တည်ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် တရုတ်နိုင်ငံသည် အခြား အာရှ-ဥရောပ နိုင်ငံများနှင့်အတူ ကွန်ရက်ချိတ်ဆက်ဆောင်ရွက်ခြင်း၊ နျူကလီးယား စွမ်းအင် လုံခြုံ စိတ်ချမှုရှိခြင်းနှင့် မြို့ပြ ရေ အရင်းအမြစ် စီမံခန့်ခွဲမှု စသည့် နယ်ပယ်များတွင် လုပ်ဆောင်မှုများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117