Connect with us

Politics, Law & Military

တရုတ်-မြန်မာ နှစ်နိုင်ငံ မဟာဗျူဟာ ဆက်ဆံရေး ပိုမို အားကောင်းဖွယ်ရှိဟု ပြန်ကြားရေး ဝန်ကြီးဆို

နိုင်ငံတော် သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူနှင့် ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်မှ ဆင်ဟွာ သတင်းဌာန သီးသန့် အင်တာဗျူး လက်ခံ ဖြေကြားနေစဉ် (Xinhua)

ရန်ကုန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

မြောက်ပိုင်း ကိစ္စကြောင့် တရုတ် နိုင်ငံဘက်ကို ဗုံးကျတာ ရှိပေမယ့် နှစ်နိုင်ငံ ဆက်ဆံရေးသည် ကောင်းတဲ့ ဘက်မှာရှိပြီး မဟာ ဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုတွေဟာ ပိုပြီးတော့ အားကောင်း လာဖို့ပဲ ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်က ဆင်ဟွာကို ပြောသည်။

မြန်မာ နိုင်ငံဘက်က ကြည့်သည့်အခါ တရုတ် နိုင်ငံသည် မြန်မာနိုင်ငံ၏ ကြီးမားတဲ့ ဈေးကွက်ကြီး တစ်ခုဖြစ်သလို၊ မြန်မာ နိုင်ငံမှာ ရှိသည့် စီးပွားရေး လုပ်ငန်းရှင်တွေ အတွက်ရော၊ တစ်ဦးချင်း လုပ်ကိုင်နေတဲ့ ပြည်သူတွေ အတွက်ပါ ကြီးမားတဲ့ အခွင့်အရေး ဖြစ်ကြောင်း ဆိုသည်။ တရုတ် နိုင်ငံဘက်က ကြည့်ရင်လည်း တရုတ်နိုင်ငံ၏ စီးပွား ဖွံ့ဖြိုးမှု အတွက် မြန်မာနိုင်ငံသည် မဟာ ဗျူဟာကျတဲ့ အနေအထား၊ မြန်မာနိုင်ငံမှာ ရှိသည့် အခွင့် အလမ်းတွေကလည်း တရုတ်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပေးနိုင်ကြောင်း ၎င်းကဆိုသည်။

ဦးရဲထွဋ်က “ ဒါကြောင့်မို့ ကျွန်တော်တို့ နှစ်နိုင်ငံကြားမှာ စီးပွားရေး ကုန်သွယ်ရေး အရ ပူးပေါင်း ဆောင်ရွက်မှု ပိုပြီးတော့ မြင့်မားမယ်လို့ ယုံကြည်တယ်။ တစ်ဖက်ကလည်း အဲ့ဒီလို မြင့်မား လာတဲ့အခါမှာ ကျွန်တော်တို့ ကိုင်တွယ် ရမည့် ပြဿနာတွေ လည်းရှိတယ်’’ ဟုဆိုသည်။

ယခင်က နှစ်နိုင်ငံရဲ့ဆက်ဆံရေးသည် အစိုးရချင်း ဆက်ဆံရေးကို ပိုပြီး ဦးစားပေးခဲ့ သော်လည်း စနစ် ပြောင်းလာသည့် အခါမှာ မြန်မာနိုင်ငံမှာ အရပ်ဘက် အခြေပြု လူမှု အဖွဲ့အစည်းတွေ၊ အခြား နိုင်ငံရေး ပါတီတွေ၊ နောက်တစ်ခါ ပြည်သူ တစ်ဦးချင်းရဲ့ သဘောထားကို ထည့်ပြီး စဉ်းစားတာတွေ လည်းရှိလာ ပါတယ်။

“တရုတ် ကုမ္ပဏီတွေကို ကျွန်တော်တို့ ပြောချင်တဲ့ သတင်းစကား ကတော့ တစ်က မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံရဲ့ စီးပွားရေး အရ ပူးပေါင်း ဆောင်ရွက်မှုက ဆက်ပြီးတော့ မြင့်မားဖို့ပဲရှိတယ်။ နှစ်က တရုတ် ကုမ္ပဏီတွေ အနေနဲ့ မြန်မာနိုင်ငံမှာ ဆက်ပြီး ရင်းနှီးမြှုပ်နှံဖို့ ကျွန်တော်တို့ ဖိတ်ခေါ်တယ်။ သုံး အချက်ကတော့ တရုတ်ပြည်သူ တွေအနေနဲ့ တစ်ဖက်ကလည်း အထူးသဖြင့် မိမိလုပ်ငန်း ဆောင်ရွက်တဲ့ နိုင်ငံ၊ မိမိလုပ်ငန်း ဆောင်ရွက်တဲ့ ဒေသမှာရှိတဲ့ ပြည်သူတွေရဲ့ ဓလေ့ ထုံးစံတွေ ရိုးရာယဉ် ကျေးမှုတွေ၊ ပတ်ဝန်းကျင် ထိန်းသိမ်းခြင်း ဆိုင်ရာ စိုးရိမ် ပူပန်မှုတွေ ကို ပိုပြီးတော့ အလေးထားဖို့ လိုတယ်လို့ ကျွန်တော်မြင်ပါတယ်။’’ ၎င်းက ဆက်ပြောသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ အစိုးရချင်း ဆက်ဆံရေး အပြင်ကို ပြည်သူချင်း ဆက်ဆံရေးကိုလည်း ပိုပြီးတော့ တိုးမြှင့်ရန် လိုအပ်ပြီး၊ ထိုသို့ တိုးမြှင့်မှ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးအရ ပူးပေါင်း ဆောင်ရွက်မှု တွေဟာပိုပြီး အရှိန်မြှင့် ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့သည်။ (Xinhua)