Connect with us

Politics, Law & Military

ဒီမိုကရေစီ စံညွှန်းမီ အခြေခံဥပဒေသစ် ပေါ်ထွန်းရေး ဝိုင်းဝန်း ကြိုးပမ်းကြရန် သမ္မတ သဝဏ်လွှာပေးပို့

ဒုတိယ သမ္မတ ဦးမြင့်ဆွေက သမ္မတ၏ သဝဏ်လွှာအား ဖတ်ကြားနေစဉ်( ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)

ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ရာတွင် ဒီမိုကရေစီ စံချိန် စံညွှန်းများနှင့်အညီ နိုင်ငံတော်၏ ပကတိ အခြေအနေ၊ အနာဂတ် မျှော်မှန်းချက်တို့နှင့် ကိုက်ညီသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် တစ်ရပ် ပေါ်ထွန်းလာစေရေးကို တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဟု နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြ ပါရှိသည်။

ပြည်ထောင်စုအတွင်း တိုင်းရင်းသား အားလုံးသည် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ချစ်ကြည်ရင်းနှီးစွာ အတူတကွ လက်တွဲနေထိုင်လာခဲ့ကြသည့် အားလျော်စွာ တိုင်းရင်းသားတို့၏ ယဉ်ကျေးမှု အမွေ အနှစ်များနှင့် ရိုးရာ ဓလေ့ ထုံးစံများကို မပျောက်ပျက်စေရန် အလေးထား ထိန်းသိမ်း စောင့်ရှောက် ရေး၊ တိုင်းရင်းသား လူမျိုးများ အားလုံး တန်းတူညီမျှ ရှိရေးနှင့် လူမှု ဘ၀ ဖွံ့ဖြိုး တိုးတက်ရေးတို့ကို လည်း အတူတကွ ပူးပေါင်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမ များအကြား သံသယစိတ် ကင်းစင်ပြီး တိုင်းရင်းသား စည်းလုံး ညီညွတ်မှု၊ အမျိုးသား ပြန်လည် သင့်မြတ်မှုတို့ကို ခိုင်မာသည်ထက် ခိုင်မာအောင် တည်ဆောက်နိုင်သည်နှင့်အမျှ စစ်မှန်သည့် ဒီမို ကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးကို မလွဲမသွေ စုပေါင်း တည်ဆောက်နိုင်မည်ဟု ခြွင်းချက်မရှိ ယုံကြည်ပါကြောင်းလည်း သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

နေပြည်တော် မြို့တော် ခန်းမအရှေ့တွင် ကျင်းပသည့် (၇၃)ကြိမ်မြောက် ပြည်ထောင်စုနေ့ မြင်ကွင်းများ (ဆင်ဟွာ)

နေပြည်တော် မြို့တော် ခန်းမအရှေ့တွင် ကျင်းပသည့် (၇၃)ကြိမ်မြောက် ပြည်ထောင်စုနေ့ မြင်ကွင်းများ (ဆင်ဟွာ)

နေပြည်တော် မြို့တော် ခန်းမအရှေ့တွင် ကျင်းပသည့် (၇၃)ကြိမ်မြောက် ပြည်ထောင်စုနေ့ မြင်ကွင်းများ (ဆင်ဟွာ)

နေပြည်တော် မြို့တော် ခန်းမအရှေ့တွင် ကျင်းပသည့် (၇၃)ကြိမ်မြောက် ပြည်ထောင်စုနေ့ မြင်ကွင်းများ (ဆင်ဟွာ)

နေပြည်တော် မြို့တော် ခန်းမ တွင် ယနေ့နံနက်ပိုင်း ပြုလုပ်သည့် အဆိုပါ အခမ်းအနား၌ နံနက် ၅ း ၃၀ နာရီတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် အလံ လွှင့်တင်ခြင်း၊ တက်ရောက် လာသည့် အရပ်ဘက် နယ်ဘက် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များ၊ လွှတ်တော် ကိုယ်စား လှယ်များ၊ အရာရှိကြီးများ၊ တိုင်းရင်းသား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ နေရာယူခဲ့ခြင်း၊ နံနက် ၇ း ၀၀ နာရီတွင် ဒုတိယ သမ္မတ ဦးမြင့်ဆွေက နိုင်ငံ တော် သမ္မတ ပေးပို့သော (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာအား ဖတ်ကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.