Connect with us

Politics, Law & Military

ပြည်ထောင်စု လွှတ်တော်အား အကြံပေးရန် သူရဦးရွှေမန်း ဥက္ကဋ္ဌ အဖြစ်ပါဝင်မည့် ကော်မရှင် ဖွဲ့စည်းရန် လွှတ်တော်နာယက တင်ပြ

ဒုတိယ အကြိမ် ပြည်ထောင်စုလွှတ်တော် ပထမအကြိမ် အစည်းအဝေးကျင်းပနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉ ရက် (ဆင်ဟွာ)

ပြည်ထောင်စုလွှတ်တော်အား အကြံပြုနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ သုံးသပ်ရေး ကော်မရှင်ကို သူရဦးရွှေမန်း ဥက္ကဋ္ဌ အဖြစ် တာဝန်ယူကာ ဒုတိယ ဥက္ကဋ္ဌနှစ်ဦး၊ အဖွဲ့ဝင် ၃၂ ဦးဖြင့် ဖွဲ့စည်းရန် ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်ပြခဲ့သည်။

၎င်းကော်မရှင်သည် လွှတ်တော်တွင် အထူးကိစ္စရပ်များ ပေါ်ပေါက်လာပါက ဥပဒေအမြင် နှင့် ယှဉ်တွဲ လေ့လာ သုံးသပ်ကာ လွှတ်တော် ဥက္ကဋ္ဌများမှ တဆင့် လွှတ်တော်ကို အသိပေးရမှာ ဖြစ်ကြောင်း၊ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌနှစ်ဦး နှင့် အဖွဲ့ဝင် ၃၂ ဦးဖြင့် ဖွဲ့စည်းမည့်၎င်းကော်မရှင်အား မတ်လ ၁ ရက်တွင် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော်တွင် သဘောတူညီချက် ရယူမည် ဖြစ်ကြောင်း သိရသည်။

ယခုကော်မရှင်ကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီးပါက ပြည်သူ့လွှတ်တော်တွင် ဖွဲ့စည်းထားသော သူရ ဦးရွှေမန်း ဦးဆောင်သည့် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်အား ဖျက်သိမ်းရမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.