Connect with us

Politics, Law & Military

ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃) အား အပိုင်း ၃ ပိုင်းဖြင့် ချုပ်ဆို 

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ စတုတ္ထအစည်းအဝေး တတိယနေ့တွင် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃) အား ချုပ်ဆိုနေမှုများအား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ) 

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ စတုတ္ထအစည်းအဝေး တတိယနေ့ ဖြစ်သည့် ယနေ့ ဩဂုတ် ၂၁ ရက် တွင် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃) အား အပိုင်း ၃ ပိုင်းဖြင့် ချုပ်ဆိုခဲ့ကြောင်း သိရသည်။

ယခုချုပ်ဆိုခဲ့သည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)တွင် အပိုင်း(၁) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA) အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီချက် ၊ အပိုင်း(၂) ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များ နှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ(ဇယား-၁) နှင့် အပိုင်း(၃) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ သဘောတူညီချက်တို့ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ စတုတ္ထအစည်းအဝေး တတိယနေ့တွင် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃) အား ချုပ်ဆိုနေမှုများအား တွေ့ရစဉ် (ဆင်ဟွာ) 

ပြည်ထောင်စု သဘောတူစာချုပ်  အစိတ်အပိုင်း(၁)အဖြစ် သဘောတူညီချက် ၃၇ ချက်ကို ၂၀၁၇ ခုနှစ် မေလတွင် ပြုလုပ်ခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယ အစည်းအဝေးတွင် လက်မှတ်ရေးထိုးခဲ့ပြီး ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၂) အဖြစ် သဘောတူညီချက် ၁၄ ချက်ကို ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် ပြုလုပ်ခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ တတိယအစည်းအဝေးတွင် လက်မှတ်ရေးထိုးထားကြောင်း သိရသည်။ (Xinhua)