Connect with us

Politics, Law & Military

မြဝတီမြို့အတွင်း စိတ်ကြွရူးသွပ်ဆေးပြားစုစုပေါင်း ၇၈,၄၀၀ နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူများအားတွေ့ရစဉ် (ဓာတ်ပုံ-- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

မြဝတီမြို့အတွင်း စိတ်ကြွရူးသွပ်ဆေးပြားစုစုပေါင်း ၇၈,၄၀၀ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၂၃၀၀ ကျော်) နှင့် လက်နက်/ခဲယမ်းများအား ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဂန္ဓမာလမ်း၊ ဆီးဂဲလ်ဂိတ်အနီး၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ယာဉ်ဝင်/ထွက်မှုများအား စစ်ဆေးလျက်ရှိစဉ် ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၁၁ နာရီခန့်တွင် အာရှလမ်းမကြီး ဘက်မှ ဆီးဂဲလ်ဂိတ်ဘက်သို့ စက်ဘီးစီးလာသည့် ဒေါ်ခင်မမအား ရပ်တန့်စစ်ဆေးရာ စက်ဘီး၏ အရှေ့ဝဲဘက် လက်ကိုင်ရှိ အမည်းရောင်ကြွပ်ကြွပ်အိတ်အတွင်းမှ WY စာတန်းပါပန်းရောင်စိတ်ကြွ ရူးသွပ် ဆေးပြား ၆၀၀၀ ပြားနှင့်လက်ကိုင်ဖုန်းတစ်လုံးတို့ကို တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စုံစမ်းစစ်ဆေးချက်များအရ ပူးပေါင်းအဖွဲ့သည် မွန်းလွဲ ၂ နာရီခန့်တွင် အမှတ်(၅)ရပ်ကွက်၊ မြို့ပတ်လမ်းရှိ ဒို့မင်းသားကြီးစားသောက်ဆိုင်အနီး၌ အာရှလမ်းမကြီးဘက်မှယာဉ်မောင်း ရန်နိုင် မောင်းနှင်လာသည့် ဗွီဂို အမျိုးအစား ယာဉ်အမှတ်၊ 7B/— အားရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်မှ WY စာတန်းပါပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား၊ သေနတ်တစ်လက်၊ ကျည်အိမ်တစ်ခုနှင့်၎င်းကျည်သုံးတောင့်၊ လက်ကိုင် ဖုန်းတစ်လုံးနှင့်မြန်မာငွေတစ်သိန်းကျပ်တို့ကိုလည်းကောင်း၊ မွန်းလွဲ ၁ နာရီခန့်တွင် ချစ်ကြည်ရေးလမ်း ရင်ခွင် နန်းတော်စားသောက်ဆိုင်အနီး၌ ကိုစိုင်းမောင်းနှင်လာသည့် WAVE-125 အမျိုးအစားမော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ WY စာတန်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား၂၀,၀၀၀ ပြား၊လက်ကိုင်ဖုန်းတစ်လုံးနှင့် မြန်မာငွေ ၅၀,၀၀၀ ကျပ်တို့ကိုလည်းကောင်း၊ ညနေ ၃ နာရီခန့်တွင် အာရှလမ်းမကြီးရှိ ကမ္ဘာသစ်ကားတာယာအရောင်းဆိုင်အနီး၌ သင်္ကန်းညီနောင်ဘက်မှ မနန်းခမ်းကျင် မောင်းနှင်လာသည့် WAVE-1 အမျိုးအစား မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်ခွကြားရှိ ခရီးဆောင်အိတ်အတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၄၀,၀၀၀ပြားနှင့် လက်ကိုင် ဖုန်းတစ်လုံးတို့ကိုလည်းကောင်း၊ ညနေ ၄ နာရီခန့်တွင် မြဝတီမြို့၊အမှတ် (၅)ရပ်ကွက်၊ ဂန္ဓရုံကျောင်းလမ်းရှိ အခလိန်း(ခ)စောကျော်ထူးခလိန်း၏နေအိမ်သို့သွားရောက်ရှာဖွေရာ အခလိန်းနှင့်အတူဇနီးဖြစ်သူ မထွေးလှ၊ မင်းဇော်၊ ကျော်အဲစိုးတု့ိကို WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀၀ ပြား၊ မြန်မာငွေ ၅၀,၀၀၀ ကျပ်၊ ခြောက်လုံးပြူးသေနတ်တစ်လက်၊ ၎င်းကျည်ငါးတောင့်၊ လုပ်သေနတ်တစ်လက်၊ ၎င်းကျည်နှစ်တောင့်၊ သေနတ်အိတ်တစ်ခု၊ ပွိုင့် ၃၂ ကျည်ခြောက်တောင့်၊လက်ပစ်ဗုံးတစ်လုံး၊ မက်တူးအမျိုးအစားနှင့် အော်တစီအမျိုးအစား မော်တော်ယာဉ်နှစ်စီးတို့အားလည်းကောင်း အသီးသီးရှာဖွေတွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

ဆက်စပ် ပစ္စည်းများနှင့်ဖမ်းဆီးရမိသူများအား မြဝတီမြို့မရဲစခန်း၌တရားဥပဒေအရ အမှုဖွင့် အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.